Part 1(un+zg)

29.1K 488 15
                                    


သာယာတဲ့မနက်ခင်းဆိုပေမယ့်ထမင်းစားဝိုင်းကထိုင်စောင့်နေတဲ့မြယမှုန်နှင့်ရဲထွန်းတို့မျက်နှာကမသာယာလှပေ။အိမ်ပေါ်လှေကားထက်ကဆင်းလာတဲ့ခြေသံက ထမင်းစားဝိုင်းကိုပိုခက်ထန်စေခဲ့သည်။ခြေလမ်းတို့ကအိမ်ထွက်ပေါက်ဆီဦးတည်၍သွားနေသဖြင့် ရဲထွန်းရဲ့ဒေါသငယ်ထိပ်ထိတက်သွားသည်။

"တောက်...အာဏာစက် မင်းဘယ်သွားမလို့လဲ ငါတို့ထမင်းစားဖို့စောင့်နေတာမမြင်ဘူးလာ"

"ဦးရဲထွန်း ရှင်စိတ်လျော့ပါ သားကအိမ်မှာမစားတတ်သာသိရဲ့သားနဲ့ "

"မင်းကြောင့်အဲ့လိုပျက်စီးနေတာ ယဉ်ကျေးမှုမရှိတဲ့အပြင်လုပ်ချင်ရာလုပ်နေတာ ခွေးကိုမွေးတာမှ အကျိုးရှိအုံးမယ်"
...
...

ရဲထွန်းရဲ့စကားတွေကြောင့် အပေါက်ဝမှာရပ်နေတဲ့ အာဏာစက် တစ်ချက်လှည့်ကြည့်လိုက်ပြီး

"အဲဒါဆိုခွေးတွေမွေးပြီး ခွေးတွေနဲ့နေလေ ဘာလို့ကျုပ်ကိုပြသာနာလာရှာနေတာလဲဦးရဲထွန်း ကျုပ်ကလဲ ခင်ဗျားသားဖြစ်ချင်လွန်းလို့ဖြစ်နေတယ်မထင်နဲ့ မမွေးခင်အဲ့ဒီညကသေချာစဉ်းစားပြီးလုပ်ကြပေါ့ အော်မေ့လို့မနက်စောစောအဲလိုစောင့်နေစရာမလိုဘူး ကြည့်ရတာ ကျက်သရေမရှိဘူး ဟက်..."

"ငါ..ကွာ ဒီကောင်...”

ကားကိုအရှိန်ကိုတင်ကာထွက်သွားတဲ့အာဏာစက်ကိုကြည့်ကာ ထမင်းဝိုင်းမှထသွားသည်။ထိုအခြေနေသည်ဖြစ်နေကျမို့ အိမ်စေခံတွေမှာ ပုံမှန်တိုင်းပင် ဒါကြောင့်အိမ်မှာလူစုံလေ့မရှိပေ

WWEAဆိုတဲ့စီးပွားရေးကို ဦးစီးထားတဲ့ အာဏာစက်ဆိုတာအသက်၃၃နှစ်အရပ်က ၆ပေ၂အသားကဖြူဖြူ နက်မှောင်နေတဲ့ဆံသားနှင့် မျက်ခုံးတို့ကဆွဲဆောင်ထားသည်။အနက်ရောင်မျက်ဝန်းတို့က ဘယ်သူမှမော့မကြည့်ရဲအောင် အရှိန်အဝါကောင်းလှသည်။မွေးကတည်းက အေးဆေးတည်ငြိမ်ခက်ထန်တဲ့မျက်နှာအနေထားကြောင့် ဘယ်သူမှအရောမဝင်ရဲကြပေ။မင်းဇော်ဆိုတဲ့သူငယ်ချင်း နှင့် အတွင်းရေးမှူး ဦးဥက္ကာတို့ကလွဲရင် စကားသေချာမပြောသူဖြစ်သည်။

"သခင်လေးလာပြီလာ ကျွန်တော်ကော်ဖီယူပေးလာတယ် ရုံးခန်းထဲရောက်ရောက်ခြင်း မျက်မှောင်ကျုံ့ထားတဲ့ အာဏာစက်ကြောင့် ခေါင်းကိုသာငုံ့ထားသည်။"

Mine(un+zg)Where stories live. Discover now