"ဟယ်လိုသုခ နင်အလုပ်ထွက်လိုက်ပြီဆို ဘာတွေငါ့ကို ဖုံးကွယ်ထားတာလဲ ပြောစမ်း အရိုက်ခံချင်တာလာ အာဏာစက် ကအလုပ်သင်ပေးမယ်ဆိုပြီး ဘာတွေဖြစ်နေတာလဲပြောစမ်း"
အမေ့ရဲ့ မေးခွန်းကိုဖြေဖို့ အလောအဖြေရှာလိုက်ရသည်။
"စိတ်အေးအေးထားပါ ကျွန်တော်နေ့တိုင်းအိမ်မှာအလုပ်လုပ်နေတာ အမေတို့နားမလည်ပါဘူး ဥက္ကဋ္ဌ ကသေချာသင်ပေးတယ် စိတ်မပူနဲ့ ဒါပဲ"
ဖုန်းကိုချက်ချင်းချလိုက်ပြီး လုပ်လက်စတွေပြန်လုပ်နေရင်း အိမ်ပေါ်အိမ်အောက် ဖုန်တွေသုတ်နေရင်း အချိန်ကုန်နေသည်။ မီးဖိုချောင်ခန်းကိုရောက်တော့ မနေ့ကအဖြစ်ပျက်ကိုမြင်ယောင်လာကာ ပြုံးမိပြန်သည်။
(အာဏာစက်က ဘယ်လိုလူမျိုးဖြစ်မလဲ ငါခန့်မှန်းလို့မရဘူး ဂရုစိုက်သလိုလိုနဲ့ တစ်ခါတလေ ကြောက်ဖို့ကောင်းသလို နွေးထွေးပြန်တယ် ဟင်း...ငါ့အကျွေးကျေအောင် မြန်မြန်ဆပ်ရမယ် မဟုတ်ရင် ပူစီလေးလ်ို)အတွေးတွေကို ရပ်လိုက်ကာ
ချက်စရာတွေချက်ပြီး ရေချိုးကာ ညအိတ်ဝတ်စုံနဲ့ ဧည့်ခန်းထဲဖုန်းသုံးနေချိန် အိမ်ရှေ့ကကားဟွန်းတီးသံကြောင့် တစ်ချက်မော့ကြည့်လိုက်သေးသည်။ကားပေါ်ကထမင်းချိုင့်နှင့် အိတ်ကိုဆွဲကာ အိမ်ထဲဝင်လာတဲ့ အာဏာစက်ရဲ့ မျက်ဝန်းတွေက တောက်ပလှသည်။
"ကလေး....ဘာလို့လာမကြိုတာလဲ အခုချက်ချင်းဖုန်းပိတ်စမ်း"
အာဏာစက်ရဲ့ အမိန့်သံတစ်ချက်အောက် ဘယ်လိုမှ မငြင်းဆန်ရဲ
"ဟုတ်..."ဖုန်းပိတ်ပြီး မျက်နှာလွှဲထားလိုက်သည်။
"မင်းတာဝန်တွေကို သေချာအာရုံစိုက်ပြီးလုပ် ကိုယ်အားလုံးကို လိုက်မပြောချင်ဘူး နားလည်လာ"
"ဟုတ်"
သုခရဲ့ ဟုတ်ဆိုတဲ့ အဖြေကို အားမရချေ ကလေးတစ်ယောက်လို ဆူပုတ်နေတဲ့မျက်နှာလေးကြောင့် ဒေါသကိုထိမ်းပြီး
"အစောကြီးရှိသေးတယ် ဘာလို့ညအိတ်ဝတ်စုံဝတ်ထားတာလဲ ထမင်းရောစားပြီးပြီလာ"
"မစားရသေးဘူး စောင့်နေတာ ပေးချိုင့်ဆေးပေးမယ်ရေချိုးပြီးရင် ဝတ်ဖို့ရွေးပေးထားတယ် ပြီးရင်ဆင်းခဲ့"
YOU ARE READING
Mine(un+zg)
Fanfiction❗possessives fic အမျိုးစားဖြစ်လို့ ကြိုသတိပေးထားမယ်နော် ရိုင်းစိုင်းတဲ့အသုံးနှုန်းနဲ့ပိုင်စိုးပိုင်နင်းအပြုမှုအခြေနေတွေပါလို့အသက်မပြည့်သေးသူများဖတ်ပြီးဒီနေရာမှာသာပြန်ချထားခဲ့ဖို့မှာချင်ပါတယ် ဇာတ်လမ်းကိုမကျော်ပဲအပိုင်းတိုင်းဖတ်စေချင်ပါတယ် ကျေးဇူးတင်ပ...