Part4(un+zg)

6K 158 9
                                    

သုခရဲ့အခန်းနဲ့ဘေးချင်းကပ်ရစ်မှာအာဏာစက်ရဲ့အခန်းရှိသည်။အထုတ်တွေဖြေပြီး ရေမိုးချိုးလိုက်ခါမှစိုးရိမ်ပူပန်မှုတွေလျော့ကျသွားတော့သည်။အာဏာစက်နဲ့တော့ အတူမနေချင် ၊မလွတ်လပ်ပေ အစကတည်းက အမြင်ကပ်နေတာကို အခုသူ့ရဲ့အခိုင်းစေလုပ်ရတော့မည်။အရင်ရက်တွေကအစာမစားခဲ့ရတော့ အခုမှဗိုက်က တဂွီဂွီနဲ့ ဆာလာလှသည်။အိမ်အောက်ထပ်က မီးဖိုခန်းထဲဝင်ရှာလိုက်တော့ ခေါက်ဆွဲထုတ်နှင့်အသင့်စား အစားစာတွေကလွဲလို့ဘာမှမရှိချေ။သုခကိုတော့လာမလုပ်နဲ့ အစကတည်းကအသင့်စားအစားအစာ တွေစားနေကျမို့ အာလူးကျော်ထုတ်ကိုဖောက်ပြီးစားလိုက်သည်။မကြာခင် အာဏာစက် ဆင်းလာကာသုခကို​ကြည့်ရင်း ​ခါးထောက်လိုက်ပြီး ​ခေါင်းခါလိုက်သည်။

"ဘာလဲ...မင်းလဲဗိုက်ဆာလို့လာ ဒီမှာအများကြီးရှိသေးတယ် လာစားလေ"

"ဟစ်...ဒါမင်းအိမ်လာ ငါ့အိမ်လာ လင်းသုခ နောက်ပြီး မင်းကိုငါခေါ်ထားတာ အလကားနေဖ်ု့မဟုတ်ဘူး အကြွေးဆပ်ဖို့ဆိုတာ ခေါင်းထဲမှတ်ထား လာအပြင်သွားမယ်"

"ဟင်...နေပူတယ် မသွားချင်ဘူး"

"မင်းမလာရင် ငါအိမ်ကိုဖုန်း...."အာဏာစက် ရဲ့ ခြိမ်းခြောက်တတ်ပုံကို မုန်းလှသည်။

"လိုက်မယ်....ရတယ်လာလေသွားမယ်"
supermarketက ဟင်းသီးဟင်းရွက်တန်းကိုခေါ်ခဲ့သောကြောင့်

"ဘာဝယ်မလို့လဲဒီမှာ မင်းဟင်းချက်တတ်လို့လာ"

"ငါချက်မယ်လို့ဘယ်သူပြောလဲ မင်းချက်ရမှာ ဒီနေ့ကနေ ငါအိမ်ထမင်းဟင်းပဲစားမယ် ရအောင်ချက် "

"မရဘူး...ငါမချက်တတ်ဘူး...အလကားဖြစ်သွားမှာ"

"မွေးကတည်းကဘယ်သူမှ သူ့အလိုလိုမတတ်လာဘူး အစပိုင်းမှာခက်ခဲပေမယ့် နောက်ပိုင်းကျအဆင်ပြေသွားလိမ့်မယ် "

"မင်းဒီလိုစကားတွေရောပြောတတ်တယ်ပေါ့"
သုခရဲ့စကားကြောင့် အခြေအနေကိုပြန်ထိန်းလိုက်ပြီး ရပ်လိုက်သည်။

"မင်းတွန်းလှဲကိုင် ဝယ်စရာရှိတာဝယ် မင်းချက်မှာဆိုတော့ သွား"

"ငါမှ..ညစ်...

...မသိတော့ဘူး လုပ်ကြည့်တာပေါ့ ပုဇွန်ဝယ်ရမယ်... ပြီးတော့ အသီးတွေ ပန်းသီး၊စတော်ဘယ်ရီ၊စပျစ်သီးရော ပြီးတော့ သခွားသီးရောပဲ"

Mine(un+zg)Where stories live. Discover now