Part6(un+zg)

4.8K 136 5
                                    

ကြယ်ငါးပွင့်အဆင့်ဖြစ်တဲ့ Win C.NS Bar က်ု ကိုယ်တိုင်အနားယူဖို့နှင့် သောက်ဖို့ဖွင့်ထားပြီး အထက်တန်းစားအချို့သာ လာနိုင်တဲ့နေရာဖြစ်တယ်။စားပွဲဝိုင်းအပြည့်အရက်၊ဝိုင်နှင့် အကင်စုံချကာစားနေတဲ့မင်းဇော်ကို ကြည့်နေရင်းက မျက်နှာလွဲချလိုက်သည်။

"မင်းမသောက်ဘူးလာ ဘာလို့အကင်တွေပဲစားနေတာလဲ "

"မင်းကိုကြည့်ပြီး အန်ချင်လာလို့ ငါဒီနေ့မသောက်တော့ဘူး ပြီးရင်ငါအလုပ်သွားလုပ်တော့မယ်"

အာဏာစက် ကပုံမှန်ဆို သောက်နေကျ ဒီနေ့မှဘာဖြစ်သွားတာလဲ အမြဲတွေ့နေကျမဟုတ်လို့ သောက်ဖြစ်တုန်းအချိန်ဆိုမငြင်းပေ အခုအလုပ်ကိုအကြာင်းပြပြီး သောက်ဖို့ငြင်းနေတာကို မရိပ်မိရအောင် မင်းဇော်ကခေသူမဟုတ်၊တစ်ချက်လှောင်ပြုံးပြုံးလိုက်မိသည်။

"ဘာလဲမင်းက အိမ်ကမိန်းမကြောက်လို့လာ"

မင်းဇော်စကားအပြီး အေးစက်လှတဲ့အကြည့်တို့က ချက်ချင်းရောက်လာခဲ့သည်။

"ငါ့ကို မင်းအဲလိုပြောရအောင် မင်းသောက်နေတဲ့အရက်တွေက အဆင့်တန်းရှိတယ် မိန်းမက်ုကြောက်ရမယ့် အစားထဲငါမပါဘူး မှတ်ထား...တောက်!.."

အာဏာစက် ရဲ့တုန့်ပြန်မှုက ပြင်းထန်လာတာကြောင့် သောက်နေစအရက်ကိုသာ သောက်၍ ဘာမှပြန်မပြောပဲနေလိုက်သည်။ခဏကြာဒေါသပြေမယ့် အချိန်ကိုစောင့်ရင်း အိတ်ကတ်ထဲက တကွန်ဂွန်မြည်နေတဲ့ဖုန်းကို ကောက်ကိုင်လိုက်သည်။

"ဟယ်လို.... အချောလေးပြော ကို့ကိုသတိရ​နေလို့လာ"

"ရှင်အခုဘယ်မှာလဲ ကျွန်မဆီလာလို့ရမလာ ပျင်းနေလို့ ရှင့်အတွက်အထူး သတင်းလဲရှ်ိတယ်နော်"

ထုံးစံအတိုင်း အပျော်အပါးလိုက်စားနေတဲ့ မင်းဇော်အတွက် အဆန်းမဟုတ်ပေ ချက်ချင်းသောက်လက်စကိုရပ်ကာ နှုတ်ဆက်စကားဆိုရတော့သည်။အာဏာစက်ရဲ့ အနားကထွက်သွားချင်နေတာနဲ့ အကိုက်ပဲမို့

"ဟေ့ကောင် ငါ့ကောင်မလေးခေါ်နေပြီ သွားလိုက်အုံးမယ် "

"မင်းမသွားရင်လဲ ငါနှင်ထုတ်တော့မလို့ ငါ့ရှေ့ကမြန်မြန်ပျောက်ကွယ်သွားစမ်း...သွား"

Mine(un+zg)Where stories live. Discover now