"ကလေး ကိုတို့မနက်ဖြန် အမေ့အိမ်သွားလည်ရအောင်"
"ဟင်..."
ပါးစပ်ထဲဇွန်းငုံထားကာပြူးပြဲကြည့်နေ၏။
"ကျစ်...မနက်ဖြန်ကလေးတို့အိမ်သွားလည်ရအောင်လို့ ခုဏက ကလေးအမေဖုန်းဆက်တယ် လွမ်းလို့တဲ့ ဖုန်းလဲမကိုင်ဘူးတဲ့ ဘာလို့ဖုန်းမကိုင်တာလဲ"
"အဲ...အဲဒါက...ဆူမှာစိုးလို့ အမေကစကားများတာက်ို"
"ကလေး အဲ့လိုလုပ်တော့ ကို့ကိုဘယ်လိုထင်မလဲဟင်....နောက်ခါဘယ်သူဆက်ဆက်ဖုန်းကိုင်သိလာ "
"ဟုတ် "( ခုဏက အမေလို့သူသုံးလ်ုက်ပါတယ် ငါနားကြားမှားတာမဟုတ်ပါဘူး ဘာလို့သူ ပြောင်းလဲသွားတာလဲ အကြံတစ်ခုခုရှိလ်ု့လာ)
" လင်းသုခ.... ကို့ကိုပြောရအောင်မလုပ်နဲ့နော် ထမင်းစားနေတုန်း ဘာလို့ငေးနေတာလဲ အကျင့်တွေမကြိုက်ဘူး ပြင်ကြားလာ"
"ဟုတ်"
အဲ့ဒီဟုတ်ဆိုတဲ့စကားတစ်ခွန်းအပြီး ဘာမှမပြောကြတော့ပဲ လုပ်စရာရှိတာလုပ်ကာ အခန်းထဲဝင်နေကြ၏။သုခကတော့မနက်ဖြန်သူ့မိဘတွေကို တစ်ခုခုပြောမှာစိုးရိမ်နေရသည်။သုခအမေကတော့ ညကတည်းက မနက်ဖြန်အတွက် စားဖို့ ဟင်းတွေချက်ပြုတ်နေ၏။
"ဖေကြီး... ရှင်ကလဲ တီဗီပဲကြည့်နေတော့မှာလာ လာကူပါအုံး အာဏာစက်အဲ့ဒီဥက္ကဠကောင်လေးက ဘာတွေကြိုက်တတ်လဲမသိ"
"မင်းတောင်မသိတာ ငါကဘယ်လိုလုပ်သိမှာလဲ ပုံမှန်အတိုင်းပဲချက်စမ်းပါကွာ"
မနက်ဖြန်ရောက်တော့ ညကတည်းကစ်ုးရိမ်နေတဲ့ မျက်နှာလေး ညှိုးနေလေ၏။ကားထဲရောက်တော့လဲ အပြင်ကိုသာငေးကြည့်ကာ စကားလဲမပြောချေ။အခြေနေကိုရိပ်မိတဲ့ အာဏာစက် ကလမ်းဘေးကားကိုထိုးရပ်လိုက်သည်။
"အ့...ညစ်...ဘာလ်ု့ရပ်လိုက်တာလဲ"
" ကလေးဒီမနက်ဘာလို့မျက်နှာက ရှစ်ခေါက်ချိုးဖြစ်နေတာလဲ ကို့ကြောင့်လာ"
"မဟုတ်ပါဘူး ညကအိပ်ရေးမဝလို့ပါ"
မျက်နှာချင်းဆိုင်မပြောပဲ အပြင်ဘက်ကိုသာလှည့်နေ၏။ နှုတ်ခမ်းကလဲ ထော်ထားသေးတာမို့ အာဏာစက် စိတ်ထဲ မတင်မကျတွေဖြစ်လာတာကို ထိန်းချုပ်လိုက်ပြီး
YOU ARE READING
Mine(un+zg)
Fanfiction❗possessives fic အမျိုးစားဖြစ်လို့ ကြိုသတိပေးထားမယ်နော် ရိုင်းစိုင်းတဲ့အသုံးနှုန်းနဲ့ပိုင်စိုးပိုင်နင်းအပြုမှုအခြေနေတွေပါလို့အသက်မပြည့်သေးသူများဖတ်ပြီးဒီနေရာမှာသာပြန်ချထားခဲ့ဖို့မှာချင်ပါတယ် ဇာတ်လမ်းကိုမကျော်ပဲအပိုင်းတိုင်းဖတ်စေချင်ပါတယ် ကျေးဇူးတင်ပ...