"ဦးဥက္ကာ လင်းသုခကိုသွားခေါ်လိုက်တော့"
"ဟုတ်ကဲ့"
"သုခ ဥက္ကဋ္ဌအခန်းထဲလိုက်ခဲ့လို့ရမလာ"
မကြာခဏဆိုသလို ဥက္ကဋ္ဌ အခန်းထဲသွားနေကျမို့ အထူးအဆန်းမကြည့်ကြတော့ချေ
"ကျစ်...ဘယ်လိုလုပ်မလဲ"
"သုခ ဘာဖြစ်လို့လဲ နင့်ကိုခဏခဏရုံးခန်းခေါ်နေတာ တစ်ခုခုဖြစ်လို့လာ "
"မဟုတ်ပါဘူး... ဒီလိုပဲပြောစရာရှိလို့နေမှာ ငါသွားလိုက်အုံးမယ်"
ရင်ထဲကတဒိတ်ဒိတ်နဲ့ ခြေလမ်းတွေကလေးလံပြီး မျက်နှာလဲပျက်နေသည်။တာဝန်ကြီးကြီးမားမားကိုယူထားရတာမို့ ပိုစိုးရိမ်လာသည်။ရုံးခန်းထဲဝင်လိုက်တဲ့ချိန် မြင်ရတဲ့မြင်ကွင်းကြောင့် ပိုကြောက်လာခဲ့သည်။နက်မှောင်နေတဲ့ မျက်လုံးတွေက စူးရှပြီး မျက်ခုံးကျုံထားကာ စိတ်မရှည်သည့်ပုံစံနဲ့ ထိုင်ရာကထလာပြီး ဧည့်ခုံနေရာ၌ နေရာယူလိုက်သည်။
"ဘာလုပ်နေတာလဲ ထိုင်လေ လင်းသုခ"
"ဟုတ်"
အချိန်ခဏကြာအောင် တိတ်ဆိတ်နေကြပြီး အာဏာစက်က သက်ပျင်းတစ်ချက်ချလိုက်သဖြင့် သုခလက်ထဲက ဖိုင်ကိုကျပ်ကျပ်ပါအောင်ဆုတ်မိလိုက်သည်။
"မင်း...ငါ့ကိုပြောစရာမရှိဘူးလာ ဒီနေ့ကဖိုင်အပ်ရမယ့်နေ့လေ ပြစမ်း မင်းဘယ်လိုကြိုးစားထားလဲကြည့်ရအောင်"
"ကျွန်တော်...ကျွန်တော်...
......
..ဟို...."
"စကားကိုကောင်းကောင်းပြောစမ်း လင်းသုခ ငါ့စိတ်ကိုလာစမ်းနေတာလာ မင်းလက်ထဲကဖိုင်ပေးစမ်း"
"အွန်း....ဒီမှာ"
စာရွက်တွေကို တစ်ရွက်ပြီးတစ်ရွက် စစ်ဆေးပြီး အကုန်လုံးကိုဆုတ်ဖြဲပစ်သည်။ သုခ ခေါင်းလေးငုံ့ပြီး တုန်ရီနေတဲ့လက်ကို တင်းကြပ်နေအောင်ဆုတ်ကိုင်လိုက်ပြီး
"ကျွန်တော် အကောင်းဆုံးလုပ်ထားတာ ဒါကြောင့် အတွေ့ကြုံရှိတဲ့လူကိုခိုင်းလို့ပြောတာ ကျွန်တော် ဘယ်လိုပဲကြိုးစားစား နောက်ဆုံးတော့ ခင်ဗျားဖြစ်စေချင်သလို မဖြစ်ဘူးမို့လာ အဲဒါကိုခင်ဗျားမျှော်လင့်ထားခဲ့တာမို့လာ အခုဖြစ်စေချင်တဲ့အတိုင်း အလုပ်ထွက်ပါ့မယ်"
YOU ARE READING
Mine(un+zg)
Fanfiction❗possessives fic အမျိုးစားဖြစ်လို့ ကြိုသတိပေးထားမယ်နော် ရိုင်းစိုင်းတဲ့အသုံးနှုန်းနဲ့ပိုင်စိုးပိုင်နင်းအပြုမှုအခြေနေတွေပါလို့အသက်မပြည့်သေးသူများဖတ်ပြီးဒီနေရာမှာသာပြန်ချထားခဲ့ဖို့မှာချင်ပါတယ် ဇာတ်လမ်းကိုမကျော်ပဲအပိုင်းတိုင်းဖတ်စေချင်ပါတယ် ကျေးဇူးတင်ပ...