Part 12(un+zg)

1.6K 34 3
                                    

မျက်မှောင်ကျုံ့ထားပြီး နီရဲနေတဲ့မျက်လုံးတွေနဲ့ သုတရဲ့အနာအားဆေးထည့်ပေးနေတဲ့စက်ကိုကြည့်ကာ နှုတ်ခမ်းလေးဆူပုတ်နေပြန်၏။စက်ကလည်းအတတ်နိုင်ဆုံး ဒေါသကို​​​​ချရင်းသုတလေးကိုကြည့်လိုက်တော့ မြင်ရတဲ့အမှုအယာကြောင့်သက်ပျင်းချကာ

"ကလေး အရမ်းနာနေလာ ဒီနေ့တော့ဘာမှမလုပ်တော့နဲ့ အခန်းထဲနေပြီးနားနေ ကြားလာ"

ခပ်ချော့ချော့လေးပြောလိုက်သဖြင့်သုတတစ်ချက်ပြုံးသွားပေမယ့် စိုက်ကြည့်နေတဲ့ကိုကိုကြောင့် သတိပြန်ဝင်လာကာ အမှုအယာကိုပြင်လိုက်သည်။

"ဟို....အမ်ကြားပါတယ် ဒါနဲဘယ်သွားမလိုလဲ"

"ကိုယ် အလုပ်ကိစ္စချိန်းထားတာရှိသေးတယ် အရေးကြီးလို့ ပြီးတာနဲ့ပြန်လာမယ်"

"အင်း"

" ဒါနဲ့အခန်းထဲကနေခြေတစ်လှမ်းတောင်မရွေ့နဲ့ကြားလာ ကလေး"အမိန့်သံပါပါနဲ့ဆိုကာထွက်သွားသည်။

"ဟင့်....ပျင်းလိုက်တာပူစီရေ....ပူစီ"
ဘေးနားကအိပ်နေတဲ့ကြောင်လေးက်ုကြည့်ရင်း သက်ပျင်းချကာ ဖုန်းကောက်ကိုင်လိုက်သည်။တက်လာတဲ့သတင်းကြောင့်ပြုံးမိသွားသည်။W&W CLUB ဖွင့်ပွဲအရမ်းကိုနာမည်ကြီးအဆင့်တန်းမြင့်သူတွေသာတက်ပြီး ခမ်းနားလှတဲ့ပျော်ပွဲဖြစ်သဖြင့် သုတအတွက်လွတ်သွားလို့မ​​​ဖြစ်ဒီပွဲမျိုးကိုအ Clubမျိုးစုံသွားကာ ကဲခဲ့သူမို့ ဒီပွဲမျိုးကိုအလွတ်ခံလို့မဖြစ်ပေ။

"ညစ်....ခက်လိုက်တာဒီပွဲသွားမှဖြစ်မယ် ကိုကိုရေ sorryဗျာ "သွားချင်နေတဲ့စိတ်
ကြောင့်နာနေတဲ့ အနာကိုမေ့ကာ ပြင်ဆင်ရင်း taxi ခေါ်ကာထွက်သွားတဲ့ သုတကို ပြတင်းပေါက်က ကျေနပ်စွာပြုံးကြည့်နေတဲ့ နှင်းဆီရဲ့အကြည့်က ကြောက်ဖို့ကောင်းလှသည်။

"တောက်!!...."

......

စက်ရဲ့ဒေါသကြီးစွာတောက်ခေါက်သံနှင့်အတူအစည်းဝေးခန်းမထဲအားလုံးတိတ်ဆိတ်သွားကြသည်။

"ငါ့လိုလူကိုကျော်ပြီး စျေးကွက်ထဲ ဘယ်သူ့ခွင့်ပြုချက်နဲ့ ဘိန်းဖြန့်ရဲတာလဲ ဟန်.....ပြောကြစမ်း အဲ့ဒီဘိန်းကငါ့ကလပ်ထဲဘာလို့ဝင်လာတာလဲ ဟား....ဟာ...ဟက်...manager ငါမင်းကို စကားပြောနေတာ သောက်ပေါက်က ဘာဖြစ်လို့ပိတ်နေတာလဲ ငါခဏလောက်ပစ်ထားတာနဲ့ အကုန်ခွေးလိုဖြစ် ဦးဥက္ကာ အခုချက်ချင်း ကားပြင်ပြီး ဒီကထိုင်နေတဲ့ ခွေးတွေအကုန် ကားထဲဆွဲပြီး လျှို့ဝှက်အိမ်တော်ပို့ ငါဆိုတာဘာလဲမင်းတို့ကိုပြမယ်"

Mine(un+zg)Where stories live. Discover now