Part2(un+zg)

7.4K 197 9
                                    

"သုခ ထမင်းစားရအောင်လေ လာအချိန်များများမရဘူးနော်"

"ဗိုက်မဆာသေးဘူး ဒါလေးပြီးအောင်လုပ်လိုက်အုံးမယ် "

"ထမင်းစားချိန်တစ်နာရီပဲပေးတယ်၁၁နာရီကနေ၁၂ထိ ကျန်တဲ့အချိန်ရုံးချိန် အခုမစားရင်ငတ်မှာနော် လာပါဆို "

"အမ် လိုက်ခဲ့မယ်သွားနှင့်"

"အေး..လာခဲ့နော်.."ထွက်သွားပြီးမှ သုခဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ လူတွေမရှိတော့ချေ။

ဒါနဲ့ မျက်နှာချင်းဆိုင်ထားတဲ့ကွန်ပျူတာကိုပိတ်လိုက်ပြီး အိတ်ထဲကပါလာတဲ့ နွားနို့နဲ့ကိတ်မုန့်ကိုထုတ်ရင်း နားနေခန်းထဲသွားစားနေ၏။ပုံမှန်အတိုင်းလူတွေနဲ့ မနေပေ အထူးသဖြင့်သူစိမ်းတွေနဲ့

စားပွဲပေါ်က ကြယ်ငါးဆင့်ရှိတဲ့ ထမင်းဝိုင်းကို အဆင့်တန်းရှိရှိစားနေချိန် ဦးဥက္ကာ ရောက်လာကာ

"ဥက္ကဋ္ဌ ကျွန်တော်အချက်အလက်တွေရလာပြီဒီမှာဖိုင်"

"အေးငါမအားဘူး ဖတ်ပြ"

"ဟင်..."

"မကြားဘူးလာ...** "

စားနေစကိုရပ်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။စက်ရဲ့မျက်လုံးတွေက ကြောက်ဖို့ကောင်းနေတော့ မြန်မြန်ပဲ ဖိုင်ကိုယူကာ ဖတ်ပြလိုက်သည်။

"ဟို...သူ့နာမည်က လင်းသုခတဲ့ အသက်က၂၀မိဘတွေနဲ့အတူနေတာ အလယ်တန်းစားမိသားစုကဖြစ်တယ် ပြီးတော့ တစ်ဦးတည်းသောသား အပေါင်းသင်းမရှိဘူး အလုပ်ကလဲ ဒီအလုပ်ပဲလုပ်ဖူးတာဖြစ်ရမယ် နည်းနည်းဂျစ်ကန်ကန်နိုင်တယ်...ပြီးတော့ ~~~"

"ညစ်...^^"

ဦးဥက္ကာဖတ်ပြနေတာကိုစိတ်မရှည်တော့ပဲဖြတ်မေးလိုက်သည်။

"သူ့မှာရည်းစားရှိလာ"

"ဟင်... အော်...မရှိပါဘူး ဘာလို့လဲ"

"မင်းဘယ်တုန်းကမေးခွန်းထုတ်တတ်သွားတာလဲ တဟင်ဟင်နဲ့ ထွက်သွားတော့"

"ဟုတ်ကဲ့..."

ထမင်းစားကြပြီး ၁၂အတိပင် အားလုံးဌာနအသီးသီးပြန်လာကြသည်။စားပွဲခုံပေါ်မှာ ကွန်ပျူတာနှိပ်နေတဲ့ သုခက အရင်အတိုင်းပင်

Mine(un+zg)Where stories live. Discover now