"ဟန်ယူဂျင်း!!!"
မနက်စောစောစီးစီးအိမ်တော်သခင်လေးရဲ့
အသံကဟိန်းထွက်သွားသည်။
အချစ်ကလေးစောစောစီးစီး
ရေချိုးခေါင်းလျှော်နေလို့စိတ်တိုနေခြင်း...။"ဘာလဲကင်မ်ဂယူဘင်း!!!"
ရေချိုးပြီးစကောင်လေးက
ရေစိုနေသောဆံပင်တွေကို
ဖြစ်သလိုသုတ်နေရင်းမှပြန်အော်သည်။အိမ်တော်ကြီးထဲမရိုးနိုင်တဲ့
မနက်ခင်းတေးသံသာ
နားညီးမယ့်သူမရှိခဲ့ဘူး
ငြိုညင်မယ့်သူလည်းမရှိဘူး
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့
သခင်လေးတို့အတွဲကတကယ့်အာရုံ...။"လာခဲ့ကိုယ်သုတ်ပေးမယ်"
ထိုအခါထိုကောင်လေးက
တဘက်ကြီးကိုင်ပြီးအနားကို
ရောက်ချလာတာများလွှားခနဲ...။"ဖြည်းဖြည်းချော်လဲရင်နာအုံးမယ်"
ညင်သာသောစကားသံများမဟုတ်ခဲ့သည့်အတွက်အဆိုးလေးကစူပုတ်သွားသည်။
တစ်ရက်ထဲလည်းမဟုတ်ခဲ့ပါ...။
တစ်လတည်းလည်းမဟုတ်ခဲ့ပါ...။
အဆိုးလေးကလည်းဆိုးနိုင်သလို
ကြမ်းတမ်းသူကလည်းကြမ်းနိုင်လွန်းသည်။
လိုက်လည်းလိုက်တဲ့အတွဲ...။ဆံပင်တွေခြောက်သွားသောကောင်လေးက
Dryerနဲ့ ဆံပင်ကိုပုံသွင်းနေပြန်သည်...။
အစောကတည်းကDryerသုံးရင်ရရဲ့သားနဲ့
သခင်လေးကိုသက်သက်မဲ့ခိုင်းစားတတ်သည်။နဖူးကိုထင်ပေါ်နေအောင်
ဆံပင်တွေကိုပင့်တင်လိုက်ပြီး
လှုပ်လီလှုပ်လဲ့နားဆွဲတို့ကိုဆင်မြန်းနေသည်။ဖြူဖြူဆွတ်နေသည့်ရှပ်အင်္ကျီကို
ကြယ်သီးနှလုံးဖြုတ်လိုက်ချိန်တွင်တော့
သခင်လေးရဲ့လက်တွေကအင်္ကျီဖြူတွေကိုအကြမ်းပတမ်းဆွဲဆုပ်လိုက်သည်။"အာ~ဘာလုပ်တာလဲကင်မ်ဂယူဘင်းရေ!!ဒီမှာကြေကုန်ပြီ"
တွန့်ကြေသွားသောအင်္ကျီတွေကို
ပုံစံတကျပြန်ပြင်နေရင်း
ခပ်ဆတ်ဆတ်လေးအော်နေသည်။"တပ်သွား! ကြယ်သီးကိုပြောတာ"
"အင်းအင်း"
သခင်လေးကပြောရင်းဆိုရင်း
ကြယ်သီးတပ်ပေးတော့
အဆိုးလေးကပြီးပြီးရောခေါင်းညိမ့်ပြသည်။
နောက်နာရီပိုင်းအတွင်းပြန်ပြုတ်သွားမယ့်
ထိုကြယ်သီးတွေကို
သခင်လေးမသိတာလည်းမဟုတ်...။