မဟူရာရောင်ကောင်းကင်အောက်နီဆွေးနေသော
ပြိုင်ကားလေးတစ်စီးသည်အရှိန်ပြင်းစွာဖြင့်
မောင်းနှင်လာသည်...။"ဟန်ယူဂျင်း!!အရှိန်လျှော့ဟခွေးကောင်ရ"
ကားထဲပျံ့လွင့်လာတဲ့အသံကိုကြားတော့
အဆိုးလေးကကားအရှိန်ကိုထပ်မြှင့်လိုက်သည်။"ဟာဒီကောင်တော့သေတော့မှာပဲ"
အဆိုးလေးကသဘောတကျပြုံးရယ်နေရင်းလမ်းကြောင်းမလွဲသွားစေရန်ထိန်းနေရသည်။
ထိန်းချုပ်ထားနေရင်းမှအဆိုးလေးရဲ့ပြိုင်ကားအနီလေးကလမ်းကြောင်းလွဲပြီးထိုးရပ်သွားသည်။
ကိုကိုအထူးတလည်ထုတ်ပေးထားတဲ့
အဆိုးလေးအတွက်Limited Edition...။
Sensorတွေများစွာပါဝင်ပြီး
လမ်းကြောင်းလွဲသွားရုံနှင့်ထိုးရပ်သွားတတ်သည်။
ယူဂျင်းကစိတ်ညစ်စွာနဲ့ပဲ
မျက်ခုံးတန်းနှစ်ခုကိုတွန့်ချိုးလိုက်သည်။"ဒီကားကိုရောင်းရင်ရောင်းမရောင်းရင်ပေးပစ်တော့မယ်"
"ယူဂျင်းမင်းရှုံးပြီ"
"ကျစ်!!ဒီကားယူသွားလိုက်တော့"
"ဘာ!!!"
ချောဟန်ဝူးလန့်သွားရသည်။
အပျော်သဘောကားပြိုင်ခြင်းတွေမှာ
တစ်ဝိုင်းလောက်ရှင်းလိုက်ရုံနဲ့ပြီးသွားမယ့်ကိစ္စ...
ဟန်ယူဂျင်းကတော့ကားတစ်စီးလုံးကို
အပိုင်ပင်ပေးနေသည်...။
တစ်ပတ်တစ်ခါလောက်ကားပြိုင်နေတာ
တစ်ပတ်တစ်စီးနှုန်းနဲ့ကားတွေဝေနေတာများလား။"မင်းလူကြီးသိရင်အဆင်ပြေပါ့မလား"
"ငါ့ပစ္စည်းပဲပေးပေးရောင်းရောင်းအဆင်ပြေတယ်"
"ငါခဏသိမ်းပေးထားမယ် နောက်ရချင်ရင်လာယူကြားလားဟေ့ကောင်!"
"အင်းအင်း"
ဟန်ယူဂျင်းကဇွတ်တရွတ်ဆန်သည်။
သူ့ပစ္စည်းတွေကိုလည်းသိပ်ခင်တွယ်တဲ့ပုံမပေါ်ပါ။
ပေးပြီးပစ္စည်းဘယ်တော့မှပြန်ယူလေ့မရှိသလို
ပေးတဲ့ပစ္စည်းမယူရင်လည်း
ထိုပစ္စည်းကိုအကောင်းတိုင်းမထားတတ်ပါ။ဒါကိုငယ်ငယ်ကတည်းကပေါင်းသင်းလာခဲ့တဲ့
ချောဟန်ဝူးကပဲတားနိုင်တာဖြစ်သည်။
တစ်ခြားလူတွေဆိုရင်ကြားထဲကနေ
အမြတ်ထုတ်သွားတာချည်းပဲ...။