ထိန်ထိန်လင်းနေတဲ့ ကွန်ဒိုတိုက်ခန်းကြီးမှာ သွေးပျက်ခြောက်ခြားစရာတွေ ကြုံတွေ့လိုက်ရသည်။ နှစ်နှစ်ကာကာချစ်တာဆိုလို့ တသက်လုံးတွယ်တာစရာဆိုလို့ ဒါလေးပဲရှိခဲ့တာကို ဘယ်သူကများလုပ်ရက်ခဲ့တာလဲ ...။ အဆိုးလေးသည် အခန်းထဲဝင်ဖို့ကိုပင် တုံ့ဆိုင်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် သိသိသာသာတုန်ယင်နေသည်။
"ဟွမ်..ဟွမ်!!"
နာမည်လေးခေါ်ပြီး အပြေးအလွှားသွားမိတဲ့အချိန်မှာ အရေခွံသာသာပဲကျန်တော့သည်။ သွေးတွေတစ်စက်မှမရှိတော့တဲ့ခန္ဓာကိုယ်လေး...။ အကောင်ငယ်လေးဘေးနားမှာသွေးတွေဒလဟောနှင့် အဖြူရောင်လေးသည်ချင်းချင်းနီနေသည်။
"ဟွမ်!!!"
ထိတွေ့လိုက်ဖို့ကိုပင် အဆိုးလေးရဲ့လက်တွေသည် တဆတ်ဆတ်တုန်ယင်နေပြီး မြင်နေရတဲ့အရာတွေကိုလည်း လက်ခံဖို့ခက်ခဲနေတဲ့ပုံပေါ်သည်။
Ring....Ring...
မကိုင်မချင်းမြည်နေတဲ့ဖုန်းသံကြောင့် ဖုန်းကိုင်လိုက်ချိန်တွင် တရားခံဘယ်သူလဲသိသွားရသလို ထိုညမှစပြီး သခင်လေးပြောတဲ့ လိမ္မာယဥ်ကျေးသည့်ကောင်လေးတစ်ယောက်အဖြစ်ကို လုံးဝပြန်မရောက်ခဲ့တော့ပေ။
"ဟယ်လို"
[ဘယ်လိုလဲတို့လက်ဆောင်ကိုအကြိုက်တွေ့ရဲ့လား]
"ဘာလက်ဆောင်..မဟုတ်မှ...ခင်ဗျားဘယ်သူလဲ!!!"
[သိချင်ရင်စုံစမ်းလေ...တစ်ခုတော့ပြောထားလိုက်မယ်...တို့တန်ဖိုးထားရတဲ့အရာတွေကိုထပ်ထိနေမယ်ဆိုရင် ဒီထက်ပိုပြီးဆုံးရှုံးရလိမ့်မယ်]
"ဟက်!ရယ်ရတယ်..ကျွန်တော့်မှာဘာမှမှမရှိပဲ..ဒီခွေးတစ်ကောင်ကြောင့်ကျွန်တော်ခံစားနေရတယ်လို့ထင်သွားရင်မှားသွားမယ်နော်..ဒီခွေးကဒီအတိုင်းလမ်းဘေးကခွေးပဲ..ပြီးတော့ကျွန်တော်ကဘယ်အရာကိုမှသံယောဇဥ်တွယ်တာမဟုတ်ဘူး"
အနိုင်ပိုင်းပြီးပြောလိုက်တဲ့စကားပေမယ့် ရင်ထဲမှာတော့ မီးတွေလောင်နေတာ သူပဲအသိဆုံးဖြစ်သည် ။ တစ်ယောက်တည်းလေလွင့်နေရင်း ဒီကောင်လေးကလည်းလေလွင့်ကောင်လေးမို့လို့ အတူနေဖို့ခေါ်လာခဲ့တာ။ နှစ်တွေပဲကြာနေပြီ...သံယောဇဥ်ဆိုတာရှိတာပဲ။