//ဤFictionသည် စာရေးသူ၏ စိတ်ကူးစိတ်သန်းသာဖြစ်ပါ၍ ပြင်ပလောကနှင့် သက်ဆိုင်မှု လုံးဝလုံးဝမရှိပါကြောင်း အသုံးအနှုန်းများသည်လည်းIdolကိုထိခိုက်စေလိုခြင်းမရှိပါကြောင်းနှင့် Fan Fictionကို Fan Fiction အတိုင်းသာ သဘောထားပေးကြပါရန်တောင်းဆိုပါသည်//
>>>>>>>>>>>>>>>>>
သက္ကရာဇ်တွေကိုဖြိုဖျက်လိုက်တဲ့အခါ နောက်ဆုံးရပ်တန့်သွားသော ခုနှစ်သည် ၂၀၀၆ ပင်ဖြစ်သည်။ ထိုနှစ်မှာပဲ မြင်မြင်ချင်းအချစ်ကို ယုံခဲ့ရသလို ထိုနေ့မှာပဲ ဘဝရဲ့တစ်စိတ်တစ်ပိုင်းပြောင်းလဲခဲ့ရသည်။ အေးချမ်းနေတဲ့ ဘဝထဲကိုဝင်ရောက်ခဲ့တဲ့ ဆလိုက်မီးရောင်စုံကြားက လိမ္မော်ရောင်ရှန်ပိန်တစ်ခွက်နဲ့ ရီဝေဝေမျက်လုံးတစ်စုံသည် ဂယူ့အားနေ့ညမပြတ် ဒုက္ခပေးခဲ့သည်။ အဆိုးလေးက စစတွေ့ချင်းကတည်းကဆိုးတာ...။"ဘာကိစ္စလဲရစ်ခီ ရှုပ်ယှက်ခတ်တဲ့နေရာတွေမလာချင်ပါဘူးဆို"
"Customerက ဒီကိုချိန်းလိုက်လို့ မင်းနဲ့တွေ့ချင်တယ်လည်းပြောနေတာနဲ့ခေါ်လိုက်တာပါကွာ"
ရစ်ခီပြောသော Customer နဲ့ စကားစမြည်ပြောနေကြရင်း ဘားမှာပြိုလဲသွားသောစင်သည် သိသိသာသာ...။ ပုလင်းကွဲသံတွေနဲ့ ရိုက်သံနှက်သံ ထိုးသံကြိတ်သံတွေကို ကြားလိုက်ရတဲ့အခါ ဂယူဘင်း စိတ်ညစ်ညူးသွားရသည်။ ဒါတွေကြောင့်ပဲ သူဒီနေရာတွေကိုမလာချင်ခြင်းဖြစ်သည်။ သို့သော်ထိုနေ့ညကတော့ ရှန်ပိန်တစ်ခွက်သည် သူ့နှလုံးအိမ်ထဲကို ဝင်ခွင့်လည်းမတောင်းပဲ ကျူးကျူးကျော်ကျော် ဝင်ရောက်လာသည်။
"လူပါးဝလို့ဘယ်သူ့ကိုလာစော်ကားနေတာလဲ!!!"
ယောက်ျားတစ်ယောက်ရဲ့အသံ တိတိကျကျအားဖြင့် ကောင်လေးတစ်ယောက်ရဲ့အသံဖြစ်သည်။ အသံလာရာဘက်သို့ ဂယူကြည့်လိုက်မိတဲ့အခါ တစ်ကိုယ်လုံး နက်ပိန်းနေအောင် ဝတ်စားထားပြီး ပုလင်းကွဲတစ်ခုကို ကိုင်ထားသည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ တော်တော်ဒေါသထွက်နေပုံပင်။
"မင်းဘာလို့သူ့ကိုထိရတာလဲ!"
သွေးတွေထွက်ပြီး လဲကျနေတဲ့မိန်းကလေးတစ်ယောက် ဘေးနားကအမျိုးသားတစ်ယောက်က ထိုကောင်လေးကို အော်လိုက်သည်။ ထိုအခါ ထိုကောင်လေးက သွေးအေးစွာစိုက်ကြည့်လိုက်ရင်း