ဘယ်နေရာကိုဘယ်လိုပြုပြင်ရမလဲ...။
ပြဿနာတစ်ခုကိုအဆုံးသတ်လိုက်ဖို့ ဘာတွေကိုစတေးလို့ရလဲ ...။
ကိုယ့်ခန္ဓာကိုယ်ကိုလား ဒါမှမဟုတ် ကိုယ့်နှလုံးသားကိုလား... ။
အတ္တတွေနဲ့ ဂုဏ်သိက္ခာတွေကိုရှေ့တန်းတင်တိုက်ပွဲဝင်နေကြတဲ့ ဒီနယ်ပယ်ကြီးထဲမှာ ယူဂျင်းလက်ထဲမှာဆုပ်ကိုင်ပြထားနိုင်တဲ့ပိုင်ဆိုင်မှုဆိုလို့ ဘာတစ်ခုမှမရှိခဲ့ဘူး။ အမြဲမူးဝေထိုင်းမှိုင်းနေတတ်တဲ့ မူမမှန်တဲ့ သူ့ခန္ဓာကိုယ်ကိုလည်းဘယ်ပုံဘယ်နည်း အဖြေရှာရမလဲ သူမသိသေးဘူး။ လောကကြီးထဲကထွက်ခွာသွားရမယ့်တစ်နေ့ရောက်လာရင် သူချန်ခဲ့ရမယ့် သူကရော အဆင်ပြေပါ့မလား အချိန်တွေသာနောက်ပြန်ဆုတ်လို့ရမယ်ဆိုရင် ကိုကိုနဲ့သူမတွေ့ခဲ့တဲ့အချိန်ကိုပြန်သွားပြီး အရာအားလုံးကို ပြုပြင်မိလိမ့်မယ်ထင်တယ်။ ဒါဆို အကိုရှန်လည်းနာကျင်နေရမှာမဟုတ်ဘူး။ လျှို့ဝှက်ချက်တွေလှည့်စားမှုတွေ နာကျင်မှုတွေနဲ့ ဒီပင်ပန်း စရာလောကကြီးထဲကနေ ထွက်သွားဖို့ကြိုးစားကြည့်မယ်။ မူးဝေနေတဲ့ ခေါင်းကို ကြည်သွားအောင်ခဏစောင့်လိုက်ပြီး ဟူဒီအကြီးကြီးထဲခေါင်းကိုမြုပ်လိုက်ကာ ခြေဦးတည်ရာ ထွက်လာခဲ့သည်။ ခန်းမထဲကသတို့သားနှစ်ယောက်ကလည်း ပြုံးပျော်ခြင်းတွေကင်းမဲ့လျက်။ အဖြူရောင်ဝတ်စုံတွေသည် တောက်ပမှုကိုဆောင်ယူခြင်းမပြုပါပေ။"ဥက္ကဌကတော်ကတော့ သိပ်ကိုပျော်နေတော့တာပါပဲ"
"ဒါပေါ့ ရှန့်လို ချစ်စရာကောင်လေးကိုအိမ်တော်ထဲခေါ်ခွင့်ရတာ ရှားပါးအခွင့်အရေးလေ"
"ဒါနဲ့ ကင်မ့်မှာဇာတ်လမ်းတွေရှိခဲ့ဖူးတယ်ဆို"
"အရင်ကပါ အခုတော့ ရှင်းသွားတော့မှာ"
ဝိုင်ခွက်တစ်ခွက်ကို လက်မှာချိတ်ထားရင်း ဥက္ကဌကတော်ကြီးသည် သူလိုလူဂုဏ်ထံအသိုင်းအဝိုင်းကလူတွေနဲ့ စကားလက်ဆုံကြနေသည်။ ကင်မ်အိမ်တော်နဲ့ ရှန်အိမ်တော် ပေါင်းစပ်လိုက်ကြတာမို့ ဥက္ကဌနှစ်ယောက်ကလည်းစီးပွားရေးအကြောင်းတွေဆွေးနွေးလို့မပြီးနိုင်ကြတော့။
"ငါယူဂျင်းကိုရှာမတွေ့တော့ဘူးး"
လေလှိုင်းထဲကစကားသံသည် မောဟိုက်လို့နေသည်။