Description

10.5K 355 27
                                    

Uni

လွန်ခဲ့တဲ့ငါးနှစ်က ဘွဲ့နှင်းသဘင်ခရီးတစ်ခုတွင် ဖူကောဟာ ပြိုင်ကွင်းထဲရှိ ဆုတောင်းအလံ နှစ်ဆယ့်နှစ်ခုကို ဖြတ်ကျော်နိုင်ခဲ့တယ်။ သူ့လက်ထဲမှာ ဇက်ကြိုးကို တင်းတင်းကိုင်ထားရင်း နှင်းတွေကျနေတဲ့ ကုန်းစောင်းပေါ်ကို တက်လှမ်းကာ သူဟာ တောက်ပစွာ ရယ်မောနေခဲ့တယ်။

ချီဟန် - "ကော အနိုင်ရရင် ဘာဆုလိုချင်လဲ"

ဖူကော -" ငါ pheromone တွေပါတဲ့ ယာယီ အမှတ်အသား တစ်ခု လိုချင်တယ်"

ချီဟန်-"ရှုံးရင်ရော ဘယ်လိုလုပ်မလဲ"

ဖူကော- "ငါရှုံးသွားရင် မင်းအတွက် ဆုတောင်းပေးဖို့ ဒီဆုတောင်းအလံနှစ်ဆယ့်နှစ်ခုကို သုံးမယ်၊၊ ဒါဆိုရင် မင်း အမြဲတမ်း ဘေးကင်းနေလိမ့်မယ်"

ထိုညမှာ အယ်လ်ဖာ​​ဖြစ်တဲ့ ချီဟန်ဟာ သူ့အား စိတ်အားထက်သန်စွာနှင့် ပြင်းထန်စွာ အမှတ်အသားပြုခဲ့သည်။ သူ့ချစ်သူက သူ့ကို တကယ်ချစ်မယ်လို့ ဖူကော ထင်ခဲ့သည်။

ဒါပေမယ့် ရှစ်လအကြာတွင် ချီဟန်က သူ့လက်တွေခြေတွေကို ချုပ်နှောင်ထားပြီး သူ့ကို လှောင်ပြောင်ပြောဆိုလာမယ်လို့တော့ မထင်ထားခဲ့ပေ။

"မင်းကို ငါတကယ်ချစ်တယ်လို့ ထင်နေလား။ မင်းနဲ့ မင်းရဲ့ အပေါစားအချစ်က ငါ့အတွက် ဘာမှတန်ဖိုးမရှိဘူး!"

နှစ်ပေါင်းများစွာ မုန်းတီးမှုတွေကြောင့် အမှန်မမြင်တော့တဲ့ ချီဟန်ဟာ ဖူကောက သူ့ကို အစကနေအဆုံးအထိ အသုံးချခဲ့တာလို့ ထင်ခဲ့သည်။ အမှန်တရားတွေ ထွက်ပေါ်လာတဲ့အခါမှ သူ့စိတ်တွေ ကြေကွဲသွားတဲ့အထိ စိတ်မကောင်းဖြစ်ပြီး နောင်တရမိသည်။

ငါးနှစ်ကြာပြီးနောက် အချိန်အတော်ကြာမှ သူတို့ ပြန်ဆုံတွေ့ခဲ့ကြသည်။ ထိုအချိန် ဖူကောကတော့ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေကို ကြုံတွေ့နေရတာဖြစ်သည်။

ချီဟန်- "ကော၊ Pheromone တွေ အဆင်သင့်ဖြစ်ပြီ၊၊ အခုပဲ အဲဒါတွေကို သုံးချင်လားဟင်"

"ကော၊ ကိုယ့်ရဲ့ အောက်ဆီဂျင်ပိုက်ကို ဖြုတ်ချင်လားဟင်။ လက်ဗွေရာ မကျန်ခဲ့စေနဲ့နော်"

"ကော၊ သေတဲ့အထိ ကိုယ်တို့ မခွဲကြဘူးနော်။ ဒီကုတင်ကြီးမှာ အတူတူအိပ်ကြရအောင်"

ဖူကော- "သွားသေလိုက်!"

သေလောက်အောင် နောင်တရနေတဲ့တစ်ယောက်နဲ့ သေလောက်အောင် မုန်းတီးနေတဲ့ တစ်ယောက်။

"ကောပေးတဲ့ နာကျင်မှုလေးကအစ ကိုယ် ဝမ်းမြောက်စွာ ခံယူမှာပါ"

"ကောပေးတဲ့ နာကျင်မှုလေးကအစ ကိုယ် ဝမ်းမြောက်စွာ ခံယူမှာပါ"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


(ဆုတောင်းအလံ)

ဒါ​လေးကို ဘာသာပြန်ထားတဲ့သူရှိလားဟင်။ ​မရှိရင်တော့ ချစ်ခြင်းမေတ္တာလေးပြီးရင် ဒါလေးလာမယ်။]




အချစ်ဝေဒနါ/အခ်စ္ေဝဒနါ(ဘာသာပြန်)Where stories live. Discover now