1.5K 155 2
                                    

Uni

"ဘာလို့လဲ?"

ဖူကောတစ်ယောက် အေးစက်ပြီး တုန်ရီနေသည်ကို တွေ့လိုက်ရတော့ အိုမီဂါကောင်လေးက ဖူကောကို တင်းတင်းကြပ်ကြပ် ဖက်ထားပေးသော်လည်း ဘယ်လိုပဲဖက်ပေးထားပါစေ၊ ဖူကောဆီမှာ နွေးထွေးမှု အရိပ်အယောင် သူ မခံစားမိပေ။

ဖူကောကိုယ်တိုင်လည်း ဘာလို့လဲဆိုတဲ့မေးခွန်းကို အကြာကြီး တွေးတောနေခဲ့မိတာဖြစ်ပြီး တစ်နေရာတည်းကိုသာ  ကွက်ကွက်ကွင်းကွင်း စိုက်ကြည့်နေမိသည်။ အကြောင်းရင်းကိုတော့ သူကိုယ်တိုင်လည်း စဥ်းစားလို့မရနိုင်ပါ။

“သူ... ငါ့ကို မုန်းနေလို့ ဖြစ်နိုင်တယ်”

"မဖြစ်နိုင်တာ!" 

အိုမီဂါကောင်လေးက ဒေါသတကြီးနဲ့

“သူ ဘယ်လောက်ပဲ မုန်းနေပါစေ လူတွေကို ထိခိုက်​စေဖို့ အကြောင်းပြချက် မရှိဘူးလေ။ အဲ့လူက လုံးဝကို....”

ဒင်ဒေါင်။

သူတို့ စကားမဆုံးခင် အခန်းတံခါးဘဲလ်တီးသံ မြည်လာတာကြောင့် ကောင်လေးက နှောက်ယှက်ခံလိုက်ရပြီး စိတ်မရှည်ဘဲ

"ဘယ်သူလဲ"ဟု မေးလိုက်သည်။

"ကျုပ်တို့က ရဲတွေပါ"

“သေရော!”

 ကောင်လေးက ဖူကော ကို ဆွဲယူရင်း ကြောက်လန့်တကြားဖြင့်

“သူတို့က ဘာလို့ ဒီလောက်မြန်ရတာလဲ! ကျွန်တော်တောင် ကိုယ့်ကိုယ်ကိုယ် မရောင်းစားရသေးဘူးလေ…”

ဖူကောက အခြေအနေတွေကို နားမလည်သေးပေ။ ထိုကောင်လေးက တစ်ခန်းလုံးကို ပတ်ပြေးနေပြီး ပုန်းဖို့နေရာရှာနေသည်။

"ဘာဖြစ်တာလဲ။ ဘာလို့ ပုန်းရမှာလဲ"

"အ,လိုက်တာ! ရဲတွေက ကျွန်တော်တို့ အခန်းကို  လက်ဖက်ရည်သောက်ဖို့ လာတယ်များထင်နေလား။ ဒီနေရာက တရားမဝင်တဲ့နေရာ။ကျွန်တော်တို့ကို လာဖမ်းတာလေ!"

သူပြောပြီးသည်နှင့် အပြင်ကလည်း တံခါးကို ပြင်းပြင်းထန်ထန် ခေါက်တော့သည်။

"တံခါး ဖွင့်ပါ!"

ကောင်လေးက အထဲကနေ လှမ်းအော်သည်။

အချစ်ဝေဒနါ/အခ်စ္ေဝဒနါ(ဘာသာပြန်)Where stories live. Discover now