2K 182 20
                                    

Uni

တကယ်လို့ ဖူကောသာ ပုံရိပ်ယေင်တွေမြင်လာမယ်ဆိုရင် ထိုသို့​မြင်လာခြင်း၏အစမှာ ဖူကော ၏ အခြေအနေ ဆိုးရွားခြင်းအစဖြစ်သည်ဟု လွန်ခဲ့တဲ့တစ်လလောက်တုန်းက သူနဲ့ဖူကော စတွေ့တဲ့အချိန် ဆရာဝန်ဆီ သွားပြတော့ ဆရာဝန် ပြောခဲ့တဲ့ စကားဖြစ်သည်။

အဲ့ဒီ့နေ့....ဖူကောကို ပြန်တွေ့တဲ့ အဲ့ဒီ့နေ့က အရာရာက ပုံမှန်လိုပါပဲ။

သူ ပရောဂျက်ကြီးတစ်ခု ပြီးသွားတော့ သူ့သူငယ်ချင်းတွေနဲ့ အပန်းဖြေဖို့ ဘားကိုသွားခဲ့တာ။ ဘားကနေ မပြန်ခင်မှာ ပြဿနာရှာတဲ့ လူဆိုးဂိုဏ်းတချို့က အပေါ်ထပ်မှာ ဘီတာပန်းချီဆရာတစ်ယောက်ကို ဆွဲလားရမ်းလားလုပ်နေတယ်ဆိုပြီး ကြားခဲ့တာ။ ကောင်းကောင်းဝန်ဆောင်မှုမပေးရင် မင်းရဲ့လက်ချောင်းတွေကိုချိုးပစ်မယ်ဆိုပြီး ခြိမ်းခြောက်နေတဲ့အော်သံကြီးကို အောက်ထပ်ကနေတောင် အတိုင်းသားကြားနေရတယ်။

ဒါပေမယ့် ချီဟန့်အတွက်တော့ "ပန်းချီဆရာ" ဟူသော စကားလုံးဟာ အလွန်အကဲဆတ်စရာကောင်းလွန်းတာကြောင့် သူ လျစ်လျူရှုပြီး ထွက်သွားဖို့သာ ပြင်လိုက်တယ်။ မသိစိတ်မှ မျက်လုံးများကို တစ်ချက် မော့အကြည့်။ အဲ့အကြည့်တစ်ချက်က မထင်မှတ်ထားဘဲ ဖူကောကို ပြန်မြင်လိုက်ရသည့် အကြည့်တစ်ချက် ဖြစ်ခဲ့တယ်။

ကျောင်းရဲ့နတ်ဘုရား၊ မာနကြီးပြီး ကျော့ရှင်းတဲ့ ပန်းချီဆရာ၊ မြင်းစီးတဲ့အခါ ပြုံးရွှင်နေတတ်တဲ့ ထိုလူသား၊ ပြုံးလိုက်ရင် ကောင်းကင်နဲ့မြေကြီးကိုတောင် အရောင်တွေ ဖျော့သွားအောင် စွမ်းဆောင်နိုင်တဲ့ ထိုလူသား။ အဲ့ဒီ့လူသားဟာ အမြဲရွှင်လန်းတက်ကြွနေခဲ့ပြီးအစဥ် တောက်ပနေခဲ့တာ။ ဒါပေမယ့် အဲဒီညမှာတော့ ကျော့ရှင်းတဲ့ ထိုလူသားဟာ လူဆိုးတွေရဲ့ ဖိထားတာကို ခံနေရပြီ၊၊သူ့ပုံစံက ဒီကနေ ထွက်ပြေးဖို့တောင် စိတ်ကူးရှိဟန် မတူဘူး။သူပြောခဲ့တဲ့စကားတစ်ခွန်းက

"ငါ့ရဲ့ပန်းချီတွေကိုသာ မပျက်စီးစေနဲ့"တဲ့။

ချီဟန် သူ့ကိုယ်သူပင် မသိလိုက်ခင်မှာ သူဟာ တုံ့ပြန်ပြီးဖြစ်နေပြီ။ ထိုလူကို အချိန်မှီကယ်တင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖူကော က သူ့ကို မမှတ်မိကြောင်း သိလိုက်ရသည်။ သူလုပ်ခဲ့တဲ့အရာတွေနဲ့ သူတို့ရဲ့ ခဏတာဆက်ဆံရေးကိုတောင် မေ့သွားခဲ့တာကို သိလိုက်ရသည်။

အချစ်ဝေဒနါ/အခ်စ္ေဝဒနါ(ဘာသာပြန်)Where stories live. Discover now