၁၇

687 101 5
                                    

Uni

17

ဖူကောက ချီဟန့်ရင်ခွင်ထဲ ပစ်ဝင်လာသည်။ ရင်ခွင်ကျယ်ကြီးက နွေးထွေးနေပြီး မိုးရွာတဲ့နေ့တစ်နေ့မှာ သခင်ဖြစ်သူက ခွေးလေးကို အကာအကွယ်ပေးနေသလို ခံစားရသည်။

"ကိုယ် တောင်းပန်ပါတယ်"

ချီဟန်က အနူးညံ့ဆုံးလေသံနဲ့ ထိန်းပြောလိုက်သည်။ ဖူကောရဲ အတွေးထဲကမစ္စတာဝက်ဝံပေါက်လေးနဲ့ တတ်နိုင်သမျှတူအောင် သူ ကြိုးစားလိုက်သည်။

"အကြာကြီးစောင့်လိုက်ရလား"

"အင်း၊ တခြား omega တွေဆို သူတို့ Alpha တွေက လာကြိုသွားကြတာ ကြာပေါ့။ ဘာလို့နောက်ဆုံးမှ ရောက်လာတာလဲ"

ထိုမေးခွန်းကို ချီဟန် ဘယ်လိုပြန်ဖြေရမလဲ မသိပါ။ သူ့ရင်ထဲ တင်းကြပ်သွားသည်။

"ဟို....လမ်းမှာ ကားတွေရှုပ်နေလို့။ နောက်တစ်ကြိမ်ကျ ကိုယ်မြန်မြန်လာကြိုပါ့မယ်။ ရှောင်ကောကို ပထမဆုံးလာကြိုတဲ့သူက ကိုယ်ဖြစ်စေရမယ်နော်"

"ရပါတယ်....ယာဥ်ကြောပိတ်ဆို့မှုက ငါတို့တတ်နိုင်တဲ့ကိစ္စမှ မဟုတ်တာ"

ဖူကောမျက်နှာလေးက ညှိုးကျသွားသည်။ ခုနက သူပြုမူလိုက်တဲ့ပုံစံက ကလေးဆန်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိသလို ဖြစ်သွားတာကြောင့် ဖြစ်နိုင်သည်။

ချီဟန်က ဖူကောနဖူးပေါ်ကို မေးတင်လိုက်ရင်း

"ဘယ်လိုနေသေးလဲ။ ခံရတာ အရမ်းဆိုးနေလား"

'ဒဏ်ရာရထားတဲ့ကလေးကို နာနေသေးလား၊ ကလေးရေ ´ လို့ မေးလိုက်သလိုမျိုးပဲ ဖူကောဟာ မျက်ရည်လေးတွေ ဝဲလာပြီး ခေါင်းကို တဆတ်ဆတ် ညိတ်ပြလာသည်။

"အင်း၊ အရမ်းခက်ခဲတယ်။ နေရာတိုင်းက နေလို့မကောင်းဘူး။ မင်းရဲ့အနံ့ကိုလည်း ရှာမတွေ့ဘူး"

ချီဟန်ကလည်း ဖူကောရဲ့ ကလေးဆန်တဲ့အပြုအမူလေးတွေကို အထိုက်အလျောက်တုံ့ပြန်ပေးသည်။

"ဟုတ်လား၊ ကောက ဘယ်နေရာမှာ ရှာတာလဲ"

ဖူကောက အောက်မှာ အပုံလိုက်ဖြစ်နေတဲ့ စောင်နဲ့တဘက်အပုံကြီးကို ညွှန်ပြပြီး

အချစ်ဝေဒနါ/အခ်စ္ေဝဒနါ(ဘာသာပြန်)Where stories live. Discover now