uni
"အဲ့ဒီလူကို မင်းမမေ့နိုင်ရင် ကိုယ်တို့ဘယ်ကိုမှ ရောက်မှာမဟုတ်ဘူး"
ဒီစကားတွေကို ပြောလိုက်ပြီးနောက် ချီဟန်က အပေါ်ထပ်ကို တက်သွားတော့သည်။
ချီဟန်က စိတ်ဆင်းရဲမှုအားလုံးကို ဖယ်ထုတ်လိုက်သည်။ နူးညံ့သိမ်မွေ့ပြီး လူကြီးလူကောင်းဆန်သော နဂိုပုံစံသို့ ပြန်ရောက်ရန် ဆေးလိပ်တစ်လိပ်စာသာ ကြာမြင့်လိုက်သည်။
3S အဆင့် Alpha တစ်ယောက်လည်းဖြစ်၊ ကမ္ဘာ့ထိပ်တန်း 10% တွင် ပါ၀င်သော မြို့တော်ရှိ ကုန်သည်ကြီးများ အသင်း၏ အသက်အငယ်ဆုံး ဥက္ကဌလည်းဖြစ် ၊ ရှားပါးလှသော ခေါင်းလောင်းပန်းပွင့်ဖြူ pheromone ကိုပိုင်ဆိုင်ထားသူလည်းဖြစ်သော ချီဟန် သည် စစ်မှန်သော အထက်တန်းစား ဂုဏ်သရေရှိအမျိုးသားတစ်ယောက်ဖြစ်လေသည် ။ မရေမတွက်နိုင်သော လူများက သူ့ကို ချီးကျူးကြသည်။တောင့်တကြသည်။ သူဟာ ကောင်းကင်ဘုံက ဖန်ဆင်းပေးထားသော သားတော်ဟု တင်စားရလောက်အောင်အထိ ဂုဏ်ရှိန်ကြီးမားသည်။ သူနဲ့ ဖူကော ရဲ့ ကွာခြားချက်က ကောင်းကင်နဲ့မြေကြီးလိုပင်။
ချီဟန့်ရဲ့ မျက်လုံးတွေက ဆုံးဖြတ်ချက်တစ်ခုကို ချပြီးသကဲ့သို့ပင် ပိုမိုပြတ်သားလာသည်။
သူက နေ့တိုင်း အိမ်ပြန်လာသော်လည်း ဖူကောကို စကားတွေအများကြီး မပြောတော့ပေ။ ဖူကောက သူ့ကို ခိုးကြောင်ခိုးဝှက်ချောင်းကြည့်တတ်တာကို သိသော်လည်း သူကတော့ မသိချင်ယောင်သာဆောင်ထားပြီး အေးစက်တဲ့အရှိန်အဝါတွေကိုသာ ထုတ်လွှတ်ပေးသည်။
ဖူကောက မီးဖိုချောင်ဝင်နေပြီဆိုရင် သူက စားပွဲမှာထိုင်စောင့်နေပြီး ဘယ်လောက်ပဲ စားချင်စရာ မကောင်းနေပါစေ၊ အရုပ်ဆိုးအကျည်းတန်တဲ့ မီးကျွမ်းထားတဲ့ဟင်းလျာတွေဖြစ်နေပါစေ၊ ချီဟန်က အကုန်လုံးကိုတော့ စားသည်။
သူက ညဘက်လုပ်ရမယ့် အလုပ်တွေကိုလည်း ဖျက်သိမ်းထားပြီး ညစာစားပြီးသွားရင် ဧည့်ခန်းမှာ ထိုင်ကာ ညအလင်းရောင်ဖြင့် အင်္ဂလိပ် သို့မဟုတ် ဂျာမန်စာအုပ်အချို့ကို အသံထွက်ဖတ်လေ့ရှိသည်။ ထိုအချိန်မျိုးတွင် ဖူကောက အနားမှာလာထိုင်ပြီး ချီဟန့်အသံကို နားထောင်လေ့ရှိသည်။
ESTÁS LEYENDO
အချစ်ဝေဒနါ/အခ်စ္ေဝဒနါ(ဘာသာပြန်)
Fantasíaမူရင်းစာရေးသူ-林啸也 恋痛癖 မူရင်းစာရေးသူနှင့် အင်္ဂလိပ်ဘာသာပြန်အား credit ပေးပါသည်။