Uni
ထိုညဟာ ပထမဆုံး အကြိမ် စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့ပြီး ဖူကောက တံခါးကိုဖွင့်ရန် အမြန်လျှောက်လာခဲ့သည်။ တံခါးကိုဖွင့်လိုက်တော့ အိပ်ခန်းမှ အလင်းရောင်သည် မှောင်မိုက်နေသော ကော်ရစ်ဒါတလျှောက် ဖြန့်ကျက်သွားပြီး လျှောက်လမ်းကို လင်းထိန်စေသည်။
ချီဟန်ကတော့ တံခါးရဲ့ အလယ်မှာ ရပ်နေပြီး ဖူကောလည်း သူ၏ကြောက်ရွံ့မှုအားလုံးကို ဖယ်ရှားလိုက်သည်။
"သခင်၊ မင်္ဂလာ ညချမ်းပါ"
ဖူကော ၏မျက်လုံးများသည် အလင်းရောင်ဖြင့် ဖုံးလွှမ်းနေသည်။ သူ အသက်ပြင်းပြင်းရှူကာ "နောက်တစ်ကြိမ် ပိုကြိုးစား" ဆိုတာနဲ့ပတ်သတ်ပြီး တုံ့ပြန်သည့်အနေဖြင့် တစ်ခုခုပြောသင့်သည်ဟု ခံစားမိသည်။ထို့ကြောင့် သူက လက်သီးများကို တင်းတင်းဆုပ်ကာ
"ဒီည သခင် အရမ်းချောတာပဲ" ဟု ပြောလိုက်သည်။
ချီဟန်က ကျေနပ်သယောင် ပြုံးကာ သူ့လက်ကို မြှောက်ပြီး ဖူကောရဲ့ ခေါင်းကို ဖွရင်း
"စကားတတ်သားပဲ"
ဖူကော က ဘယ်လိုပြန်ဖြေရမှန်း မသိပေ၊၊ အခုတော့ သူ့စိတ်ထဲမှာ ချီဟန်ကို ဒီည သူ့ဘေးမှာ ဘယ်လို ထိန်းထားရမလဲဆိုတဲ့ အတွေးတွေ ပြည့်နှက်နေပြီး တစ်ဖက်လူက သူ့ကို လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ သူ ချီဟန်ကိုဆွဲထားဖို့ စိတ်ကူးထားသည်။
တစ်ယောက်တည်း မဖြစ်ချင်ဘူး၊၊ အဆုံးမဲ့တဲ့ အိပ်မက်ဆိုးတွေက သူ့ကို အသက်ရှူမဝအောင် ဖြစ်စေသည်။
ချီဟန်က ဆိုဖာဆီသို့ လျှောက်သွားတော့ ဖူကောကလည်း အလိုလို အောက်မှာ ဒူးထောက်လျက်သား ဖြစ်သွားသည်။
"ဒီကိုလာ"
ချီဟန် က ကုတင်ပေါ်သို့ မေးညွှန်ပြကာ
"ဒီမှာလာထိုင်"
ဖူကော က ခေါင်းညိတ်ပြကာ ကြောင်တောင်တောင်ဖြင့် လျှောက်လာပြီး သူ့ရှေ့က အယ်လ်ဖာကို ကြည့်လိုက်သည်။ သူ ချီဟန့်ရဲ့ ဘောင်းဘီကြိုးကို ဆွဲချွတ်လိုက်ပြီး တစ်ဝက်တစ်ပျက် အနေအထားမှာ
YOU ARE READING
အချစ်ဝေဒနါ/အခ်စ္ေဝဒနါ(ဘာသာပြန်)
Fantasyမူရင်းစာရေးသူ-林啸也 恋痛癖 မူရင်းစာရေးသူနှင့် အင်္ဂလိပ်ဘာသာပြန်အား credit ပေးပါသည်။