19.2

505 57 7
                                    

Uni

pheromone များကို ထုတ်ယူသည့် လုပ်ငန်းစဉ်သည် မျှော်လင့်ထားသည်ထက် များစွာ ပိုနာကျင်ခဲ့သည်။

ပထမဦးစွာ၊  ခွဲစိတ်မှုပြုလုပ်ရန် gland အောက်ထဲကို ချုပ်ညှပ်ကြီးနှင့်ဆင်တူသည့် ပစ္စည်းမျိုးကို ထိုးထည့်ရမှာဖြစ်သည်။အပြင်မှာတော့ သံမဏိချုပ်ညှပ်ရိုးနှစ်ချောင်းက gland ထဲထည့်ထားတဲ့ ပြွန်ကို  ထိန်းကိုင်ချုပ်နှောင်ထားသည်။

” ချုပ်ညှပ်ရိုးတွေ” ဆက်လက်ရွေ့လျားလာသည်နှင့်အမျှ၊ ပြွန်သည်လည်း အသားကိုဖြတ်၍ တစ်ဆတစ်ဆ ပိုမိုနစ်ဝင်လာသည်။ ပြွန်ကို လိုအပ်တဲ့ အနေအထားအထိရောက်အောင် ထည့်ရသည်။ အဲ့တာက ပထမအဆင့်သာ ရှိသေးသည်။

ချန်ရှင်းကတော့ video ကိုကြည့်ရုံနဲ့ အတော်လန့်နေပြီဖြစ်သည်။

“ အခုနောင်တရဖို့က နောက်မကျသေးပါဘူး။ ပြန်စဉ်းစားပါအုံး"

ချီဟန်က ပိတ်စကို သွားကြားမှာကိုက်ထားလိုက်ပြီး

"စတင်ပါ"

“အိုး…”

အပ်က သူ့အရေပြားကို ထိုးဖောက်လိုက်တာနဲ့ တပြိုင်နက် ချီဟန် တုန်လှုပ်သွားသည်။ သူ့လက်ချောင်းတွေက အိပ်ယာခင်းစကို ဆုပ်ကိုင်လိုက်ပြီး နဖူးမှ ချွေးစက်များ စိမ့်ထွက်လာသည်။

“မဟုတ်ဘူး၊ မလုပ်ပါနဲ့-”

အပ်က သူ့အသားထဲ တိုးဝင်လာတာနဲ့  Alpha သည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ အပ်ရဲ့အထိအတွေ့က သူ့သွေးပြန်ကြောထဲသို့ ထိုးသွင်းခံခဲ့ရစဉ်က တားဆေးတွေကို သတိရစေပြီး ဆယ့်လေးနှစ်သားအရွယ်က အိပ်မက်ဆိုးဆီသို့ ချက်ချင်းပြန်ပို့လိုက်သည်။ သူ့အာရုံထဲက မြင်ကွင်းက ရုတ်တရက် နှစ်ခြမ်းကွဲသွားသည်။ တစ်ခြမ်းက သူ့အဖေ သူ့မျက်စိရှေ့မှာတင် အသေဆိုးနဲ့သေသွားတဲ့ မြင်ကွင်းဖြစ်ပြီး နောက်တစ်ခြမ်းကတော့ အဆုံးမဲ့ အပ်တွေနဲ့ နှိပ်စက်ခံရတဲ့ မြင်ကွင်းတွေပါပဲ။

" မဟုတ်ဘူး- မလာနဲ့… မလာနဲ့၊ ငါ့ကို ဆေးမထိုးနဲ့။”

သူ့မျက်လုံးတွေကို မှိတ်ထားပြီး တစ်ကိုယ်လုံး တုန်ရီလာကာ  တုန်လှုပ်ချောက်ချားလာသည်။

အချစ်ဝေဒနါ/အခ်စ္ေဝဒနါ(ဘာသာပြန်)Where stories live. Discover now