Uniဆယ်ကျော်သက်အရွယ် အချစ်က အတားအဆီးမဲ့ တောက်ပနေတဲ့ နေရောင်ခြည်လေးလိုပါပဲ။အဲ့ရှစ်လတာက ဖူကောရဲ့ဆယ့်ရှစ်နှစ်တာ နေထိုင်ရှင်သန်ခဲ့တဲ့ ဘဝမှာ အပျော်ရွှင်ဆုံး ရှစ်လပါပဲ။အဲ့ဒါက စုတ်တံကို သူနောက်ဆုံးကိုင်ခဲ့တဲ့နှစ်လည်း ဖြစ်ခဲ့ပါတယ်။
သူ ချီဟန်နဲ့ ပထမဆုံးတွေ့ခဲ့တာက ပူလောင်သော နွေရာသီ၏ ညနေခင်းတစ်ခုမှာ။
နေရောင်က အုတ်နီခဲရောင် ပြေးလမ်းပေါ်မှာ ဖြန့်ကျက်ထားပြီး နွေလေရူးတွေတိုက်စားနေတော့ အကိုင်းအခက်များမှ အဖြူရောင် hawthorn ပန်းပွင့်တွေက လေနဲ့အတူ မျောလွင့်နေခဲ့တာ။အဲ့တုန်းက ဖူကောက ဘတ်စ်ကတ်ဘော ကစားကွင်းနားမှာ ဖြတ်ပြေးနေခဲ့တာလေ။ တကယ့်ကိုလှပတဲ့အခိုက်အတန့်လေးပေါ့။
ဘောင်းဘီတိုလေးဝတ်ထားတော့ ဖူကောရဲ့ ချွေးစို့နေတဲ့ ဒူးလေးကို မထင်မရှား မြင်နေရတယ်။
နွေရာသီ အပူရှိန်ကြောင့် သူ သွေးပေါင်တွေကျနေခဲ့တာရော၊ စတူဒီယိုထဲမှာ နေ့ရောညပါ မစားမသောက်ဘဲ ပုံထိုင်ဆွဲနေခဲ့တာကြောင့်ရော အခုလို ရုတ်တရက်ကြီး အပြင်ထွက်လာတော့ အတော်လေးမူးဝေလာစေတယ်။ ဘတ်စကက်ဘောလုံးက သူ့နဖူးကို လာထိမှန်တဲ့အထိ သူ့ကိုယ်သူ ဘတ်စကက်ဘောကွင်းထဲမှာ လျှောက်သွားနေမိမှန်း သတိမထားမိခဲ့ဘူး။
ဖြစ်သွားတာတွေက မြန်လွန်းလို့ သူရှောင်ချိန် မရလိုက်ဘူး။မြေကြီးပေါ် ပြုတ်ကျခါနီးတွင် ရုတ်တရက် တစ်စုံတစ်ယောက်က သူ့လက်ကောက်ဝတ်ကနေ လှမ်းဆွဲလိုက်တာကြောင့် တစ်စုံတစ်ယောက်ရဲ့နွေးထွေးတဲ့ရင်ခွင်ကျယ်ထဲသို့ ကျဆင်းသွားခဲ့ရသည်။
သူ မော့ကြည့်လိုက်တော့ ချွေးတွေ ရွှဲနစ်နေပြီး ဂျာစီကိုဝတ်ထားတဲ့ လူငယ်တစ်ဦးကို တွေ့လိုက်ရတယ်။ အဲ့ဒါက ချီဟန်!
"အတန်းဖော်၊ အဆင်ပြေရဲ့လား"
လူငယ်၏ မေးစေ့မှ ချွေးများ စီးကျနေပြီး သူ့တစ်ကိုယ်လုံး မီးတောက်နေသလို ပူလောင်နေပုံပေါ်သည်။ သူ့လက်ဖဝါးတွေကလည်း နွေးထွေးနေပြီး ဖူကော ကြောင်အနေတုန်းမှာ ထိုလက်ဖဝါးတွေက သူ့နဖူးကို ထိလိုက်သည်ကို ခံစားလိုက်ရသောအခါ ဖူကောရဲ့ နှလုံးသားကို တုန်လှုပ်သွားစေသည်။
YOU ARE READING
အချစ်ဝေဒနါ/အခ်စ္ေဝဒနါ(ဘာသာပြန်)
Fantasyမူရင်းစာရေးသူ-林啸也 恋痛癖 မူရင်းစာရေးသူနှင့် အင်္ဂလိပ်ဘာသာပြန်အား credit ပေးပါသည်။