P-1

3.7K 153 5
                                    

ညနေ6နာရီရှိပြီဖြစ်သောပါရီမြို့ကြီး၏အကျဉ်းထောင်တစ်ခုတွင် ပလက်တီနမ်ကြိုးလက်နှစ်ဖက်၀တ်ထားသော လှပတင့်တယ်လွန်းလှတဲ့အမျိုးသမီးတစ်ယောက်ထိုင်နေခဲ့တယ်။

"ငါ့သမီးကိုဘယ်ကောင်ကဖမ်းရဲတာလဲ"

အသားဖြူပြီးရှည်လျားနေတယ့်ဆံပင်ဖြူတွေဖြန့်ချထားသော ထိုလူဖြူဟာပြင်သစ်ဘာသာစကားကိုပီပီသသ အော်ဟစ်ပြောဆိုကာ စခန်းထဲသို့၀င်လာခဲ့သည်။

ပလက်တီနမ်ကြိုးကို‌ဖြေပေးလိုက်ကြတယ့်အပြင် "တောင်းပန်ပါတယ်" ဆိုတဲ့စကားသံတွေဟာလေထဲမှာ ‌သွေးမျက်ရည်တွေနဲ့များပြားလျက်ရှိသည်ကို မြင်ရလျှင်ထိုလူဖြူ၏ အာဏာဟာ ပေါ့သေးသေးမဟုတ်သောသူသည် လီဆာ မာန်နိုဘန်ရဲ့ဖခင် လီမာကို မာန်နိုဘန်ပင်ဖြစ်သည်။

"အဲ့ဒါဘယ်ကိုထပ်သွားအုံးမှာလဲလီဆာ"

မာကိုရဲ့တပည့်ယူလာသောLeather Jacketအနက်ရောင်ရှည်ကြီးကို အမြန်၀တ်လိုက်ပြီး မသိသလို မာကိုနဲ့ဆန့်ကျင်ဖက်လမ်းကိုသွားဖို့ပြင်နေတယ့်လီဆာကိုမေးလိုက်သည်။

"တက်တူးဆိုင်"

ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာ ပြောနေသောလီဆာကို ကြည့်ကာ အဖေတစ်ယောက်ကိုဆက်ဆံနေတဲ့ပုံစံကအရမ်းအရိုအသေမဲ့သလို ပြောဆိုပုံသည်လဲ ခပ်ပြတ်ပြတ်ဖြစ်နေသောကြောင့်မာကိုဒေါသအလွန်ထွက်သွားသည်။

"မင်းတို့သခင်မလေးကိုချုပ်ပြီးကားထဲခေါ်ခဲ့"

မာကိုတပည့်များသည်လီဆာကိုချုပ်ကာ ကားထဲထည့်ဖို့ကြိုးစားနေကြသည်။

ဒေါက်စီးထားတဲ့ လီဆာဟာ ဒေါက်တွေ‌ခြေဆန့်ကာချွတ်လိုက်ပြီး သူမကိုချုပ်ထားသည့်သူများလက်မှလွှတ်ရန် ရုန်းကန်နေလေသည်။

"ဒယ်ဒီ သမီးမလိုက်ဘူးနော် သမီးလက်မထပ်ချင်ဘူး ဒယ်ဒီတကယ်ဘာဖြစ်နေတာလဲ ‌ရားး လွှတ်ကြစမ်းပါ အကုန်လုံးကန်ထည့်လိုက်ရ"

လီဆာရဲ့အသံဟာ ယောက်ျားတစ်ယောက်ရဲ့အသံမာမာတစ်ခုလိုအော်လိုက်တော့ တောင့်တောင့်ဖြောင့်ဖြောင့်ခန္ဓာကိုယ်ဖြင့် အာဖရိကသားတစ်ယောက်ဖြစ်တဲ့မာကိုရဲ့အလုပ်သင်တောင်လန့်သွားခဲ့သည်။

Say~AgainWhere stories live. Discover now