P-10

1K 86 3
                                    

အစိုင်အခဲတစ်ခုအရည်ပျော်ဖို့ အပူဓာတ်ပဲလိုအပ်သလို နှလုံးသားတစ်စုံအရည်ပျော်ဖို့ နုညံ့ခြင်းတွေသာလိုအပ်လေသည်။

နုနုညံ့ညံ့ကလေး။
ဂျယ်လီတစ်ခုဟာနှုတ်ခမ်းပေါ်တွင်လှုပ်ရှားနေသလို ငုံထားလိုက်ပြန်တော့လည်း စတော်ဘယ်ရီလို စစစားချင်းအရသာတန်းမရှိဘဲ တစ်‌ဖြေးဖြေးချင်းချိုလာသည့်နှုတ်ခမ်းပါးတစ်ခုကိုလီဆာထိတွေ့နေမိသည်။

"လီလီလေးတောင် ပြန်ရောက်နေပြီပဲ"

ဘုန်း!!

ယောင်းလီအသံကိုကြားသောအခါ ဂျန်းနီကလီဆာကိုတွန်းထုတ်လိုက်သည်။လီဆာဟာမွေ့ယာပေါ်သို့ပက်လက်လန်ကျသွားသည်။ဂျန်းနီကချက်ချင်းထပြီး လီဆာအခန်းထဲမှထွက်ကာ ယောင်းလီ kitchen ထဲရောက်နေချိန်တွင် ဧည့်ခန်းဘက်သို့အလျင်အမြန်ပြေးသွားလိုက်တော့သည်။

"အော် သမီးအ၀တ်လဲပြီးရင် ထမင်းလာစားအုံး ဂျန်းနီလေးချက်ထားတာလက်ယာကတကယ်ကောင်းတယ်"

ထူးထူးဆန်းဆန်းယောင်းလီကပါသူမကို ဖော်ဖော်သီသီစကားတွေပြောနေတာကြောင့် လီဆာမွေ့ယာပေါ်တွင်ဆက်လှဲလျက် ကြောင်တောင်တောင်လေးဖြစ်နေခဲ့သည်။

လီဆာလည်းအကျီကိုမြန်မြန်ဆန်ဆန်လဲလိုက်ပြီးနောက် Kitchen ထဲသို့၀င်လာလျှင် ပန်းကန်တွေချနေတယ့် ဂျန်းနီကိုတွေ့တဲ့အခါ သူမတစ်ကိုယ်လုံးပူထူလာပြီး ချွေးစီးကျမတတ် ခေါင်းပေါ်ပူလာကာ လှည့်ပြန်ချင်စိတ်တွေဖြစ်နေမိသည်။

"ဒီမှာလာထိုင်လေ သမီး"

ယောင်းလီကခေါ်လိုက်တော့ လီဆာအပေါက်၀‌တွင်ရပ်နေရာမှ ၀င်လာလိုက်တော့သည်။ဂျန်းနီသည် ပန်းကန်တွေချပြီးလို့ ထမင်းစားနေသည့်တိုင် လီဆာကိုမကြည့်။လီဆာသာ ထမင်းတစ်လုတ်စား တစ်ခါကြည့်ဖြင့် အရိပ်တကြည့်ကြည့်ဖြစ်နေလေရဲ့။

"ကျွန်မအလုပ်ရပြီမာမီ ဘဏ်အသေးလေးတစ်ခုမှာပါပဲ ပိုင်ရှင်အဖွားကသဘောအရမ်းကောင်းတယ် မနက်ဖြန်ကစပြီးအလုပ်ဆင်းလို့ရပြီ ပြောတယ်မာမီ"

ယောင်းလီကသူ့သမီးရဲ့အလုပ်တွေ ကြိုးစားလျှောက်ခဲ့တာကို အလုပ်ရသွားတဲ့အချိန်မှာအသိမှတ်ပြုခဲ့တယ်။ညစာစားပွဲကအနည်းငယ်နွေးထွေးလာခဲ့တယ်။

Say~AgainWhere stories live. Discover now