P-3

1.1K 91 5
                                    

သူမတို့ရဲ့စေ့စပ်ပွဲဟာဒီမနက်တင်ပြီးသွားသည်ကိုစဉ်းစားမိကာ လီဆာဟာဆိုဂျူတွေတစ်ခွက်ပြီးတစ်ခွက်သောက်နေမိသည်။

"ကျွန်မတကယ်တောင်းပန်ပါတယ်အမရယ် ဒယ်ဒီကိုလဲကျွန်မ မထားခဲ့နိုင်ဘူး ကျွန်မအခုဘာဆက်လုပ်သင့်လဲ"

(ဖုန်းမြည်သံ)

"လီဆာ မာန်နိုဘန် နင်မလာသေးဘူးလား ဒီမှာလူစုံနေပြီ ညစာစားပွဲရှိတာကိုမေ့နေတာလား"

လီဆာလည်း ယိုင်နဲ့နဲ့ဖြင့်ထကာ ပိုက်ဆံရှင်းခဲ့ပြီး အိမ်သို့ကားမောင်းပြန်လာခဲ့သည်။

အိမ်ထဲတွင် ရယ်မောသံတစ်ချို့နှင့်စကားပြောသံတစ်ချို့ကိုလီဆာကြားတစ်ချက် မကြားတစ်ချက်ပင်။

"ဟော ငါတို့လီလီလေးရောက်လာပြီပဲ"

လီဆာရဲ့အမေစကားဆုံးတွင် အားလုံးရဲ့အကြည့်ဟာ သူမဆီသို့သာ။
ဘယ်ညာ ဟန်ချက်မညီပဲယိမ်းယိုင်ကာ လျှောက်လာတဲ့လီဆာဟာအရက်မူးနေမှန်းမာကိုသိသွားသည်။
ဂျန်းနီတို့မိဘတွေပါရှိနေတာကြောင့် မာကိုသည်လီဆာကိုထထိုးလိုက်တော့သည်။

ခွပ်!!

လီဆာလည်းကြမ်းပြင်ပေါ်သို့လဲကျသွားတော့သည်။

"နင်ငါ့ကိုအရှက်လာခွဲတာလား မိသားစုညစာစားပွဲကို နင်ကမူးပြီးလာရဲတယ်ပေါ့လေ"

"အကိုရေ တော်ပါတော့"

မာကို ကိုလီဆာအမေကဆွဲထားရသောကြောင့် ဂျန်းနီကပဲကြမ်းပြင်ပေါ်လဲကျနေတဲ့လီဆာကိုသွားထူရသည်။

"သွားသွား သမီး လီလီလေးကိုအခန်းထဲသွားပို့လိုက်တော့ ဂျန်းနီ"

ဂျန်းနီအမေကထိုသို့ပြောကာ မာကိုကိုစိတ်လျော့ဖို့ပြောရင်း အောက်ထပ်တွင်ကျန်ခဲ့ကြတော့သည်။
အပေါ်ထပ်ကပထမဆုံးအခန်းကလီဆာအခန်းဟုအန်တီပြောလိုက်သောကြောင့် ပထမဆုံးတွေ့သည့်အခန်းကိုဂျန်းနီ၀င်လိုက်သည်။

"လီဆာ လီဆာရေ အဆင်ပြေရဲ့လား အာ တကယ်ပါပဲ နှုတ်ခမ်းမှာလည်းသွေးတွေနဲ့"

သူ့အဖေထိုးလိုက်သောကြောင့် နှုတ်ခမ်းမှထွက်နေသောသွေးတွေကိုသုတ်ပေးပြီး အနာကပ်ပလာစတာကပ်ပေးရန် ဆေးသေတ္တာကိုလိုက်ရှာနေသည်။

Say~AgainWhere stories live. Discover now