"ဂျီဂျီကြောင့်ညနေစာကောင်းကောင်းစားလိုက်ရပါတယ်"
နောက်သလိုပြောင်သလိုနဲ့ ခါးကိုင်းပြီးပြောလိုက်တော့ သူမရယ်လေသည်။
"ပတ်ချယ်ယောင်းကစနောက်တတ်မယ်လို့ထင်တောင်မထင်ထားဘူး ဒါဆို ကျွန်မသင်တန်းကိုပြန်လိုက်အုန်းမယ် ဆိုမီတစ်ယောက်တည်းဖြစ်နေမှာစိုးလို့"
"ကျွန်မလိုက်ပို့ပေးမယ်လေ လာသွားမယ်"
အရှေ့ကနေအရင်ထထွက်သွားသောချယ်ယောင်းကြောင့် ဂျီဆူးလည်းငြင်းတောင်မငြင်းလိုက်ရဘဲ အနောက်ကနေပဲလိုက်ရတော့သည်။
"ခါးကိုဖက်ထားလေ ဂျီဆူး"
ခါးသေးသေးလေးပါ။
အသက်ရှူလိုက်တဲ့အခါဖောင်းချည်ပိန်ချည်ဖြစ်နေတဲ့ဗိုက်ချပ်ချပ်လေးရယ်ကြောင့် ဆယ်ကျော်သက်အရွယ်လိုသစ်ရွက်လှုပ်တိုင်းများ ရင်ခုန်နေမိတာလား။လီဆာနဲ့လမ်းခွဲထားတာမကြာသေးသောကြောင့်သူမရဲ့ရင်ခုန်သံတွေကိုအသိအမှတ်မပြုနိုင်သေးပေ။
"ရောက်ပါပြီ"
"ကျေးဇူးပါဘဲချယ်ယောင်း"
အသည်းပုံနှုတ်ခမ်းလေးပြုံးလိုက်တော့ ပိုမြတ်နိုးစရာပင်။
ထပ်ဆွဲဖြစ်မယ့် ပန်းချီတွေတိုင်းကို အခုသင်တန်းထဲကိုပြေး၀င်သွားတဲ့ ကင်မ်ဂျီဆူးဆိုတဲ့အမျိုးသမီးပုံပဲ ဆွဲလိုက်ချင်မိသည်။~
"ဂျန်းနီ ဂျန်းနီကင်မ်.."
လက်မောင်းပေါ်တွင်အိပ်နေသောထိုစွာတေးလန်ရဲ့ပခုံးကိုလီဆာလှုပ်ကာနိုးလိုက်သည်။
"ဟင် အမ် ငါညကဒီမှာအိပ်ပျော်သွားတာလား"
ဇတ်ကနဲထထိုင်လိုက်ကာ မျက်လုံးပြူး၍လီဆာကိုမေးနေသောစွာတေးလန်ကြောင့် လီဆာရယ်လိုက်မိသည်။
"ရား ဘာရယ်နေတာလဲ ပိတ်ရိုက်လိုက်ရ"
ရိုက်လိုက်ရဟုပြောပေမဲ့ ရိုက်ပြီးသွားပြီဖြစ်သည်။တစ်ညလုံးသူမခေါင်းအုံးအိပ်ထားတဲ့လီဆာလက်မောင်းကိုရိုက်လိုက်သောကြောင့် လီဆာထအော်တော့သည်။
"ရားးး လက်မောင်းကကျင်နေတာဟ နင်တစ်ညလုံးဖိအိပ်ထားပြီးတော့ အားး နာလိုက်တာ"