P-17

914 74 10
                                    

ဂျန်းကအခုဆိုတက္ကသိုလ်ပြီးလို့ အင်ဂျင်နယာဘွဲ့ကိုရထားပြီး တက္ကသိုလ်တွင်ပဲသင်ကြားရေးပြန်ဆင်းနေကာ ကုမ္ပဏီတစ်ခုတွင်အလုပ်လျှောက်နေဆဲပင်ဖြစ်သည်။

ဂျီဆူးကတော့ ကုန်တိုက်တစ်ခုတွင်မန်နေဂျာပင်ဖြစ်နေလေသည်။

အသက်အရွယ်တွေကစကားပြောလာတော့ အလုပ်ပြီးတာနဲ့အိမ်တန်းပြန်ပြီးနားကြ၍ ကိုယ်စီကိုယ်စီ တစ်ယောက်တစ်နေရာစီဖြစ်ကာမတွေ့ဖြစ်ကြတော့ပေ။

"အဖွားလိုချင်တဲ့percentageထိ‌ရပြီလေ သမီးတို့ကိုရီးယားပြန်လို့မရသေးဘူးလား"

တစ်နှစ်ခွဲရှိနေပြီ။ Switzerland ကိုလီဆာနဲ့ချယ်ယောင်းရောက်နေတာတစ်နှစ်ခွဲပင်ရှိနေပြီဖြစ်သည်။သို့သော်အဖွားကအကြောင်းပြချက်တစ်ခုပြီးတစ်ခုပေးကာ လီဆာနဲ့ချယ်ယောင်းကိုပြန်မလွှတ်သေးပေ။

"ဒါပေါ့ ကိုရီးယားပြန်ဖို့အချိန်ရောက်လာတော့မှာပါငါ့မြေးလေးတွေရဲ့"

"ရောက်လာတော့မှာဆိုတော့ ကျွန်မတို့ကအခုမပြန်ရသေးဘူးလားအဖွား"

"အခုပြန်ချင်လည်းပြန်လေ နိုင်ငံကူးလက်မှတ်ရှိရင်ပေါ့"

"အဖွားဒါတော့တမင်သက်သက်ညစ်တာပဲ"ဟုလီဆာမှပြောလိုက်သည်။

အဖွားကပဲနှစ်ယောက်လုံးရဲ့နိုင်ငံကူးလက်မှတ်ကိုသိမ်းထားပြီး ထိုသို့ပြောလိုက်သောကြောင့် လီဆာဒေါသထွက်သွားလေသည်။

"မင်းတို့တွေဘာလုပ်ထားလဲဆိုတာငါသိတယ်နော် မင်းတို့ထက်ဒီလောကကိုအရင်ရောက်လာတာ မင်းတို့‌ခြေလှမ်းတွေဘယ်ကိုလှမ်းနေတယ်ဆိုတာကအစသိတယ်"

အဖွားကဒီလိုပြောလာတော့ ချယ်ယောင်းနဲ့လီဆာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းညိမ့်ပြကြသည်။

"ဒယ်ဒီကိုထောင်ထဲထည့်လိုက်တာလည်း အဖွားပဲမဟုတ်လား"

"ကျွန်မတို့ကလည်းအဖွားရဲ့မြေးတွေဆိုတော့ အဖွားလိုပဲ လူတစ်ယောက်ရဲ့အားနာချက်ကိုရှာတတ်နေပြီအဖွားရဲ့"

"အိုမို အိုမို ကြောက်လိုက်တာ ဒီနည်းနဲ့ငါ့ကိုခြိမ်းခြောက်လို့ရမယ်ထင်နေလား"

Say~AgainWhere stories live. Discover now