ခါးတွင်ကိုက်ခဲကာ လက်မောင်းတွေကျင်လာသောကြောင့် လီဆာမျက်မှောင်ကိုကြုံ့ပြီး မျက်လုံးအတင်းဖွင့်လိုက်ရသည်။
နောက်တော့သူမသတိရလိုက်တာက သူမဒီအလုပ်စားပွဲပေါ်မှာအိပ်ပျော်နေခဲ့တာ ပြီးတော့ ဂျန်းနီကင်မ်!!
"နိုးနေပြီလားဟ"
ကုတင်ပေါ်တွင်သပ်ရပ်စွာစောင်တွေခေါင်းအုံးတွေကိုတင်ထားပြီး ဂျန်းနီလည်းမရှိတော့သောကြောင့် သူမထက်ဂျန်းနီအရင်နိုးနေတာကိုသိပြီး အောက်ထပ်သို့ဆင်းလာလိုက်သည်။
ကော်ဖီခွက်ကိုလက်နှစ်ဖက်ဖြင့်ကိုင်ပြီး ဖြေးဖြေးချင်းသောက်ပြီး မနက်စာထိုင်စားနေတဲ့ဂျန်းနီကြောင့် လီဆာရင်ထဲထပ်ပြီးစိတ်မကောင်းဖြစ်ရပြန်သည်။အောက်ထပ်ထိမဆင်းပဲ လှေကားပေါ်နားကပဲ ဂျန်းကိုကြည့်နေလိုက်သည်။
ဒီငါးနှစ်အတွင်းမှာ နှစ်နှစ်လောက်ကကျွန်မတို့တစ်ယောက်ကိုတစ်ယောက်အမြင်ကြည်လာသလို သဘောကျနေကြနေပြီး ကျန်တဲ့သုံးနှစ်ကို တစ်ယောက်ကိုတစ်ယောက်အပျောက်မခံနိုင်တဲ့ထိ ချစ်ခဲ့ကြတယ်မလား။
အိပ်ယာအရင်နိုးတဲ့သူကနှိုးတတ်ပြီး အနမ်းတွေနဲ့မနက်ခင်းကိုစတင်ကြတယ်။မနက်စာကိုတူတူစားခဲ့တယ်။အလုပ်သွားခါနီးအကြင်သူကအနမ်းပေးနေကျ။အရာအားလုံးကနှစ်တွေပြောင်းလာတာနဲ့အမျှ ကြည်နူးစရာတွေပြည့်နေတဲ့ထိ ပြောင်းလဲလာတဲ့ကျွန်မတို့ဆက်ဆံရေးကို အကြင်သူကအေးစက်နေလေရဲ့။
"ဂျန်း..အလုပ်သွားတော့မှာလား"
မနက်စာစားနေတဲ့ဂျန်းကိုကြည့်ပြီးလွန်ခဲ့တဲ့နှစ်တွေကိုကျွန်မပြန်စဉ်းစားနေမိတာ..သူမစားပွဲဝိုင်းမှထထွက်သွားမှကျွန်မအသိစိတ်တွေပြန်၀င်လာသည်။
"အင်း ဟုတယ်"
အပြေးအလွှာမနေ့ညကမပေးဖြစ်ခဲ့တဲ့ ဒေစီပန်းစည်းကိုယူလိုက်ပြီး မျက်နှာသေဖြင့်တည်တည်တံ့တံ့ကြည့်နေတဲ့ မျက်၀န်းတွေရှေ့ကိုလီဆာရပ်လိုက်သည်။
"မနေ့ကလီတို့ မဂ်လာသက်တမ်းငါးနှစ်ပြည့်အတွက်လေ ဂျန်းကဒေစီပန်းတွေသဘောကျတယ်မလား"