P-9

1.1K 103 4
                                    

တိုတောင်းပါတယ်ဆိုတဲ့လူ့ဘ၀မှာတောင် လူတွေက ပျော်ရ၀မ်းနည်းရ အမြင့်ကိုရောက်သွားလိုက် အောက်ကိုပြန်ကျလိုက်နဲ့ အခိုက်အတန့်တွေအများကြီးနဲ့ကြုံတွေ့ရတာပဲ။

လက်ညိုးထိုးရာရွှေဖြစ်နိုင်တယ့် လီဆာတောင် အခုတိုက်ခန်း‌လေးတစ်ခုမှာနေနေရပြီ။ဘ၀တွေကတော့ မနေ့နဲ့မနက်ဖြန်ကို မတူအောင် ချက်ချင်းပြောင်းလဲပေးနိုင်တယ်ဆိုတာအမှန်ပါပဲလား။

"ကျွန်မအလုပ်သွားလျှောက်လိုက်အုန်းမယ်"

ယောင်းလီဟာ လီဆာ့ကိုစကားမပြောတော့တာကြာပြီဖြစ်သည်။အိမ်တော်ကြီးနှင့် ကိုရီးယားနိုင်ငံရှိ ခြံများ တိုက်ခန်းများရောင်းချရပြီး လျော်ကြေးပေးလိုက်ရသည်။ဘဏ်ချေးငွေများလည်းဆပ်လိုက်ရသည်။လုပ်ငန်းသေးသေးလေးလုပ်နေတဲ့သူတစ်ယောက်ကဒေဝါလီခံလိုက်ရတာမဟုတ်ပဲ ပြင်သစ်နိုင်ငံနဲ့ကိုရီးယားနိုင်ငံ လက်တွဲလုပ်ကိုင်နေတယ့်လုပ်ငန်းတစ်ခုဖြစ်တာကြောင့် အမြတ်လည်းများသလို အလျော်အကြေးလည်းများလှသည်။

လီဆာတိုက်ခန်းမှထွက်သွားပြီးမကြာ ဂျန်းနီ‌တိုက်ခန်းရှေ့သို့ရောက်လာခဲ့သည်။

"အော် သမီးပဲ လီဆာကခုလေးတင်အပြင်ထွက်သွားတာသမီးရဲ့"

ဂျန်းနီကိုတွေ့တော့ ယောင်းလီခပ်နွမ်းနွမ်းအပြုံးတစ်ခုကိုသာပြုံးပြလိုက်သည်။

"ဒါဆိုသူပြန်လာရင် ဗိုက်‌ဆာနေလောက်မှာပေါ့ အိုမားရောဘာစားပြီးပြီလဲ"

ဂျန်းနီကသူမ၀ယ်လာတဲ့ ဟင်းချက်စရာပစ္စည်းများကို ထမင်းစာပွဲခုံပေါ်တွင်ချရင်း ခုံပေါ်မှာထိုင်နေတဲ့ ယောင်းလီကိုမေးလိုက်သည်။

"ဘာမှမစားရသေးဘူး အိုမားချွေးမလေးကချက်ကျွေးမယ်ဆိုရင်တော့ စားမှာပေါ့"

ဂျန်းနီဟာတကယ့်ကိုချွေးမကောင်းလေးတစ်ယောက်ပါပဲ။လက်မထပ်ရသေးပေမဲ့ အိမ်မှုကိစ္စတွေအားရင်အားသလို လာလုပ်ပေးနေပြီး ဟင်းတွေတစ်နေ့တစ်မျိုးမရိုးအောင်ချက်ကျွေးတတ်တဲ့ဂျန်းနီလေးကကျွန်မကိုအားဖြစ်စေတယ်။ဒီလိုတွေယိုင်လဲကျသွားလို့ လက်ထပ်ပွဲကိုလည်းမဖျက်သိမ်းသလို အထင်သေးအမြင်သေးဖြင့် ဂျန်းနီလေးတို့မိသားစုဘက်မှ ကျွန်မတို့ကိုတစ်ခါမှမဆက်ဆံဖူးပေ။

Say~AgainWhere stories live. Discover now