P-13

1.1K 83 2
                                    

ရင်ခွင်ထဲကအမျိုးသမီးလေးကို ချယ်ယောင်းဒီတိုင်းပဲကြည့်နေမိသည်။

လူတွေများ ချစ်မိပြန်တော့လဲ အရာရာကိုချစ်ရသူအတွက်သာဖြည့်တွေးပေးလာတယ်။ချစ်ရသူမျက်နှာလေးတစ်ချက်ညှိုးကြည့်။ပြာပြာသလဲကိုယ်တွေမှာတောင်းပန်၊ထွေးဖက်၊ရှင်းပြပြီး ကြင်ကြင်နာနာလေးနဲ့ချစ်ရသူကိုစိတ်ကြည်စေမယ့် ဟာသလေးတွေပြောပြမိပါရဲ့။

ဘ၀ဟာဘယ်တော့မှလူတစ်ယောက်တည်းဖြစ်သန်းလို့မရဘူး။အချစ်နဲ့တွေ့ရင်တွေ့၊မတွေ့ရင်တောင် သံယောဇဉ်ကြိုး‌လေးတစ်ခုကိုတော့အနားမှာခေါ်ထားတတ်ကြတာပါပဲ။

"နိုး‌နေတာလား ယောင်း"

ယောင်းကအနည်းငယ်လှုပ်လိုက်မိတော့ စောင်ထဲကအ၀တ်မပါတဲ့ခန္ဓာကိုယ်လေးက ချယ်ယောင်းရဲ့ခါးကိုလက်နဲ့ဖက်ပြီး ရင်ခွင်ပိုတိုး၀င်နေတာကိုချယ်ယောင်းသတိထားမိသည်။

"ဂျီဂျီအိပ်ချင်သေးရင် ဆက်အိပ်လေ ယောင်းကအလုပ်ရှိသေးတော့ထတော့မယ်"

နဖူးလေးကိုဖွဖွလေးအနမ်းခြွေပြီးချယ်ယောင်းထရန် စောင်ကိုပိုက်ရင်း ဘေးကအ၀တ်တွေကိုလိုက်စမ်းမိသည်။

"ယောင်းယောင်း.."

ဂျီဆူးကစောင်ကိုရင်ဘတ်အပေါ်နားထိဆွဲတင်ထားပြီး လက်နှစ်ဖက်ကိုရင်ဘတ်ပေါ်တင်ထားကာ ယုန်ပေါက်လေးလို မျက်လုံးလေးနဲ့ချယ်ယောင်းကိုကြည့်ရင်းခေါ်လေသည်။

"ရှင်.."

ချယ်ယောင်းကုတင်အောက်က အကျီကိုလှမ်းကောက်နေစဉ် ဂျီဆူးကခေါ်လိုက်တာကြောင့် လှည့်ကြည့်ပြီးထူးလိုက်သည်။

"နမ်းချင်တယ်"

ဒီတစ်ခေါက်တော့ ရှက်ရသူဟာ ချယ်ယောင်းဖြစ်နေလေသည်။ရုတ်တရက်ကြီးပြောလာတဲ့ ဂျီဆူးရဲ့စကားလုံးကြောင့် ချယ်ယောင်းတစ်ကိုယ်လုံးပူရှိန်းသွားခဲ့သည်။

"မနမ်းချင်လဲနေပေါ့"

ပြောပြီးစောင်ကြီးပိုက်ကာ ထွက်သွားတဲ့ ဆံနွယ်လေးတွေပွပြီးကျောပြင်ပေါ်ကျနေတဲ့ ဂျီဂျီကို ရေချိုးခန်းထဲ၀င်သွားသည်ထိ ချယ်ယောင်းမျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်။

Say~AgainWhere stories live. Discover now