P-2

1.3K 106 1
                                    

"ညနေကျရင်တွေ့နေကျဆိုင်မှာတွေ့ရအောင်နော်အမ"

လီဆာထိုသို့ပြောကာ ဖုန်းကိုချလိုက်သည်။ဒီလိုမှပြတ်ပြတ်သားသားမလုပ်နိုင်ရင် အမကပိုနာကျင်ရမယ်မလား။

"လီဆာ မနက်ဖြန်ကစပြီးဒယ်ဒီကုမ္ပဏီမှာအလုပ်စလုပ်ရမယ် ရုတ်တရက်ကြီးရှယ်ယာတွေနဲ့စပွန်ဆာကုမ္ပဏီတွေကကမ်းလှမ်းမှုတွေပါဖျက်သိမ်းခံလိုက်ရတာ တစ်ယောက်ယောက်ကတော့ငါတို့နဲ့ပြိုင်နေတာပဲဖြစ်ရမယ် ဒါကိုသိရအောင်စုံစမ်းခိုင်းထားတယ် နောက်ပြီးလူအင်အားလည်းနည်းနေတာကြောင့် နင်ပါအလုပ်၀င်ရမယ်လီဆာ"

"ဟုတ်ကဲ့ဒယ်ဒီ"

ဘယ်လောက်ဆိုးဆိုး မိဘတွေအခက်အခဲနဲ့အကူအညီလိုလာတဲ့အခါတော့ လီဆာမကြည့်ရက်နိုင်ခဲ့ဘူး ဒါကြောင့်သူဝါသနာမပါတဲ့အလုပ်ကိုလွယ်လွယ်လက်ခံလိုက်ရခြင်းပင်ဖြစ်သည်။

~

At cafe

"ဘန်လေးက ဘာပြောစရာရှိလို့လဲ"

သူ့ကိုဘန်လေးလို့ခေါ်နေတယ့်အမက ကင်မ်ဂျီဆူးဖြစ်သည်။တက္ကသိုလ်ဒုတိယနှစ်‌တည်းကချစ်ကြိုက်ခဲ့ကြကာ တွဲလာသောအချိန်ဖြင့်၂နှစ်ကျော်ကာလအတွင်းရှိသည်။ဒီလိုကြိုးတွေနဲ့ရစ်ပတ်ပြီးမှ သူမနဲ့တစ်သက်လုံးဝေးကွာတော့မယ့်အကြောင်းကိုရုတ်တရက်ကြီးပြောလိုက်ရင် ဟာသလို့ထင်သွားမလား။အမနဲ့ဆိုလီဆာဟာတကယ့်ကိုကလေးတစ်ယောက်လိုအချစ်ခံရသည်။

"အမ ကျွန်မလေ"

တုန်တုန်ရီရီနဲ့ထွက်လာသောစကားတွေဟာအဆုံးတောင်မရောက်သေးပဲ သူမဟာဆက်မပြောနိုင်လောက်တဲ့ထိ ရှိုက်သွားကာ မျက်ရည်တွေကျနေခဲ့သည်။

"ဘန်လေး ဘာဖြစ်လို့ ဘာလို့ငိုနေရတာလဲအချစ်ရယ် အမကိုအကုန်ပြောပြလေ ဘာတွေဖြစ်နေတယ်ဆိုတာ"

မျက်နှာချင်းဆိုင်ထိုင်နေသောခုံမှဂျီဆူးထလာကာ လီဆာ့ဘေးတွင်ထိုင်လိုက်သည်။ပခုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်ကိုင်၍ သူမဘက်သို့လှည့်စေသည်။

"ဘန်လေး"

လီဆာပါးပြင်ပေါ်ကမျက်ရည်တွေကိုအသာအယာသုတ်ကာ သူမခေါ်နေကျနာမည်လေးကိုထပ်ခေါ်ပြန်သည်။

Say~AgainWhere stories live. Discover now