Description

19.3K 983 78
                                    

Author ; Sì yuè shíqī

After marrying the wrong person , I can't leave

Trans by : runindream
           Callie Jones

2.6.2023

I don't own the story. I'm just a translator.I hope you will enjoy it.

××××

ရည်းစားဖြစ်သူနဲ့ လက်ဖက်စိမ်းအတန်းဖော်တို့ ဖောက်ပြန်နေတာကို မိသွားတဲ့အခါ စုန့်လင်ချူက လမ်းခွဲလိုက်ဖို့ကိုပဲ ရွေးချယ်လိုက်တယ် ။ ဒါပေမဲ့ သူ့ရဲ့အခန်းဖော်ကတော့ ကိစ္စတွေကို ဒီတိုင်းထားလိုက်ချင်ပုံမရဘူး ၊ နေ့တိုင်း သူ့ရဲ့ ရည်းစားဟောင်းကောင် ဝယ်ပေးတဲ့ တန်ဖိုးကြီးလက်ဆောင်တွေကိုပြပြီး သူက ချမ်းသာတဲ့မိသားစုနဲ့ လက်ထပ်ရတော့မယ်ဆိုပြီး ကြွားပြနေခဲ့တယ် ။ ဒါပေမဲ့ ရည်းစားဟောင်းကောင်က ချမ်းသာတဲ့မိသားစုက မဟုတ်ဘူးဆိုတာ စုန့်လင်ချူက သိပြီးသား …၊ ချမ်းသာတဲ့ဦးလေးဖြစ်သူက ခန္ဓာကိုယ်ထိခိုက်ပြီး နေမကောင်းတဲ့အတွက် သားသမီးမရနိုင်တော့လို့ သူ့ကို အမွေစားအမွေခံအဖြစ် သတ်မှတ်ထားရုံကလေးတင် ။
လက်ဖက်စိမ်းအခန်းဖော်က အကြိမ်ပေါင်းများစွာ လာလာကြွားနေတဲ့အဆုံးမှာ စုန့်လင်ချူတစ်ယောက် သည်းမခံနိုင်တော့ဘဲ ရည်းစားဟောင်းကောင်ရဲ့ ဦးလေးဖုန်းနံပါတ်ကို ရအောင်ယူပြီး

“အနာဂတ်မှာ အမွေရမယ် ဟုတ်လား…ဟမ်! ငါကိုယ်တိုင် အိမ်ထောင်စုစာရင်းထဲ ပစ်ဝင်ပြီး အမွေတွေကို ယူပြမယ် စောင့်ကြည့်နေလိုက်”

ဒီလိုနဲ့ စုန့်လင်ချူတစ်ယောက် ရည်းစားဟောင်းကောင်ရဲ့ ဩဇာသိပ်မရှိရှာတော့တဲ့ဦးလေးဖြစ်သူ ထန်ယွဲ့ကို လက်ထပ်နိုင်ဖို့ ရှိသမျှအရည်အချင်းတွေသုံးပြီး ကိုင်တွယ်ခဲ့ပါတော့တယ် ။ ဒီလိုဆိုရင် ရည်းစားဟောင်းကောင်လည်း အမွေမရနိုင်တော့သလို သူလည်း နှစ်ကိုယ်ကြားစကားတွေပြောပြီး တစ်တီတူးစရာမလိုဘူးလေ ။

ရည်းစားဟောင်းကောင်က လက်ဖက်စိမ်းအခန်းဖော်ကို တန်ဖိုးကြီးပစ္စည်းတွေမပေးနိုင်တော့တဲ့အတွက် စုန့်လင်ချူ ပိစိကလေး ကျေနပ်သွားရတယ် ။ 

ဒီလိုနဲ့ မုဆိုးဖိုဖြစ်တော့မဲ့နေ့ကိုစောင့်နေရင်း သိလိုက်ရတာက မကြာခင် သေတော့မယ်လို့ထင်ထားတဲ့ ထန်ယွဲ့က တဖြည်းဖြည်း ကျန်းမာပြီး အင်အားပြည့်ဝလာတာကို တွေ့လိုက်ရတယ် ။ ကောလာဟာလတွေလို ရုပ်ပိုင်းဆိုင်ရာထိခိုက်ထားတာတွေမရှိဘဲ သူက တကယ့်ကို…

စုန့်လင်ချူတစ်ယောက် နောက်ကျောက နာတဲ့ဒဏ်ကိုရော ခန္ဓာကိုယ်က နာတဲ့ဒဏ်ကိုပါ ခံစားရင်း  ရည်းစားဟောင်းကောင်ကို အလိမ်အညာကောင်လို့ ကျိန်ဆဲနေမိတယ် ။ ရည်းစားဟောင်းကောင်က သူ့ဆီကို ငိုယိုရောက်လာပြီး ထန်ယွဲ့က သူ့ဦးလေးကို ဒေဝါလီခံရအောင်လုပ်နေတာကို တားပေးဖို့ ပြောခဲ့တယ် ။ 

“…”

အဲ့ဒီတော့မှာ စုန့်လင်ချူက သူနားလည်မှုလွဲနေခဲ့တဲ့ အခြေအနေကြီးတစ်ခုလုံးကို နားလည်သွားခဲ့ရပါတယ် ၊ ရည်းစားဟောင်းကောင်ရဲ့ ချမ်းသာတဲ့ ဦးလေးဆိုပြီး သူယူလိုက်တဲ့သူက ထန်မိသားစုတစ်ခုလုံးရဲ့မျိုးနွယ်စုခေါင်းဆောင်ဖြစ်နေပါတော့တယ် ။ 

××××

T/N

Hellooooo မိတ်ဆက်ပါရ​စေ
Callie Jones ပါ 💜 ဒီ​နေ့ကစပြီး ဒါ​လေးကို ဘာသာပြန်​ပေးဖို့ ဖြစ်လာတယ်​ပေါ့​နော် Tag ​တွေကို ကြည့်ရတာ​တော့ ဓါး​တွေ များမယ့်ပုံမ​ပေါ်ဘူး​​ရော်
Callie ဖတ်ချင်​ပေမဲ့ မြန်မာပြန်မ​တွေ့မိ​သေးလို့ ပြန်လိုက်ပါတယ်
Callie လည်း ပြန်မှ ဖတ်ရမှာမို့ အတူတူရင်ခုန်ရ​​အောင်​နော်
Callie ကို comment ​လေး​တွေ ​ပေးသွားပါဦး သိပ်မကြာခင်မှာ Ep 1 တင်​ပေးပါ့မယ်ရှင့်

ချစ်တဲ့
Callie Jones.

လူမှားလက်ထပ်ပြီးတဲ့​နောက် ငါထွက်မသွားနိုင်​တော့ဘူး (ဘာသာပြန်)Where stories live. Discover now