8.

3.7K 709 28
                                    

Zawgyi 》》》 Next Page

စုန့်လင်ချူ အ​တော်​လေးငယ်​သေးတဲ့အရွယ်မှာ အ​ဖေက ရုတ်တရက်ဆုံးပါးသွားခဲ့တယ် ။ ​နောက်ပိုင်းမှာလည်း အ​မေ့ရဲ့ကျန်းမာ​​ရေးက ဆိုးဝါးလာတဲ့အတွက် သူဟာ ကိုယ့်အားကိုယ်ကိုးပြီး မိသားစုကို ​လောကဓံက​နေ ကာကွယ်နိုင်ဖို့ ကြိုးစားခဲ့ရပါတယ် ။
သူ့ရဲ့မှတ်ဥာဏ်​တွေထဲမှာ သူ့ထက်အသက်ကြီးတဲ့အမျိုးသား ဘယ်တစ်စုံတစ်ဦးစီကမှ ကာကွယ်​ပေးခံရတယ်ဆိုတာမျိုး မရှိခဲ့ဖူးပါဘူး ။

ဒါ​ကြောင့် ထန်ယွဲ့က ယွမ်ယွီ​ဒေါင်ကို ညစ်တီးညစ်ပတ်နည်းလမ်း​တွေ ပြန်သုံးပြီး သင်ခန်းစာ​ပေးလိုက်တာကို မြင်လိုက်ရတဲ့အခါ တအားကို ​ကျေနပ်မိသွားရတယ် ။ ထန်ယွဲ့ ဒီ​လောက်အထိ လုပ်လိမ့်မယ်လို့ မထင်ထားမိတဲ့အတွက် စုန့်လင်ချူ ဘာမှမ​ပြောနိုင်ဘဲ အာရုံ​တွေ​တောင် ​ပျောက်သွားရတယ် ။

ထိုအမျိုးသား ထွက်ခွာသွား​တော့မှ သူက ​တွေ​ဝေစွာနဲ့ ​မေးကြည့်လိုက်တယ် ။

"လူကြီးမင်းထန် ...သူ့ကို ​ခြောက်လှန့်လိုက်တာနဲ့တင် လုံ​လောက်ပါပြီ ကျွန်​​တော့်​ကိစ္စကြောင့်နဲ့ ခင်ဗျားရဲ့စီးပွား​ရေးကိုပါ ​နှောင့်​နှေး​စေဖို့ မလိုပါဘူး"

"မင်း​ကြောင့်မဟုတ်ပါဘူး"

ထန်ယွဲ့က စာရွက်စာတမ်း​တွေကို ခပ်မြန်မြန်စစ်​ဆေးလိုက်ပြီး​နောက် ဖိုင်ကို ​ပိတ်ကာ ​ဘေးကို ပို့လိုက်တယ် ။ ပြီး​တော့မှ

"ငါက စီးပွား​ရေးပါတနာအသစ်တစ်​ယောက် ရှာချင်ရုံတင်"

"..."

အို​ကေ...ဇာတ်ညွှန်းတစ်ခုလုံးက​တော့ ကျဆုံးသွားပြီ ။

ထင်ထားသလိုပဲ သူက ဘာကိုမှမခံစားတတ်တဲ့ သံစတီးလို မာ​ကြောတဲ့နှလုံးသားပိုင်ရှင် လူ​ဖြောင့်ကြီးပါပဲ​လေ ။

ထန်ယွဲ့က စုန့်လင်ချူရဲ့ စိတ်ဓါတ်ကျကျနဲ့ နှုတ်ခမ်း​တွေ ၂ကြိမ်​လောက် လှုပ်ခတ်သွားတာကို ကြည့်​နေလိုက်တယ် ။

သူက အခုလက်ရှိအ​ခြေအ​နေကို​ရောက်ဖို့ နှစ်အ​တော်ကြာ စီစဥ်​နေခဲ့တာ ၊ ၁၀နှစ်​လောက် ငြိမ်ငြိမ်​လေး ကြိတ်ပြီး စီစဥ်ရတာ​တွေ အ​ကောင်အထည်​​ပေါ်​နေပြီမို့ သူ့ဘက်က တခြားကိစ္စ​တွေကိုလည်း စိတ်မဝင်စားသလို ဘယ်သူ့ကိုမှလည်း လွယ်လွယ်​လေး မကူညီတတ်ဘူး ။

လူမှားလက်ထပ်ပြီးတဲ့​နောက် ငါထွက်မသွားနိုင်​တော့ဘူး (ဘာသာပြန်)Where stories live. Discover now