6

3.4K 716 25
                                    

ZAWGYI 》》》 Next Page

အကို​ဒေါင် ရဲ့ နာမည်အပြည့်အစုံက ယွမ်ယွီ​ဒေါင် ။ သူအခုဝင်သွားရတဲ့အခန်းက စီနီယာ​မွေး​နေ့ပွဲကျင်းပတဲ့အခန်းနဲ့ လုံးဝမတူပါဘူး ။ အထဲမှာ အမျိုးသား ၊ အမျိုးသမီး ၇​ယောက် ၊ ၈​ယောက်​လောက်ရှိပြီး အကုန်လုံးက သူ့လို အ​တွေ့အကြုံမရှိတဲ့​ကျောင်းသားပုံစံမျိုးမဟုတ်ဘဲ ဖက်ရှင်ကျကျ ​ကောင်း​ကောင်းမွန်မွန် ဝတ်စားထားကြတယ် ။

ယွမ်ယွီ​ဒေါင်က ခပ်​ချော​ချော​ကောင်​လေးတစ်​ယောက်ကို ​ခေါ်ပြီး ပြန်​​ရောက်လာ​တော့ အားလုံးက လှည့်ကြည့်လာကြတယ် ။

"ဝိုးးး ယွီ​ဒေါင် မဆိုးဘူးပဲ အ​ပေါ့​လေးတစ်ချက်သွားလိုက်တာ ဒီ​လို​ကောင်​​ချော​လေးတစ်​ယောက် ရလာတယ်​ပေါ့​လေ
ဒီလိုငယ်ငယ်​ချော​ချော​ကောင်​လေးကို ဘယ်က ရှာလာတာလဲကွ"

"သွားစမ်းပါ မဟုတ်တာ​တွေ မ​ပြောနဲ့ ...ဒါ ငါ့မိ​တ်​​​ဆွေ
သူက ​ကျောင်းသားပဲရှိ​သေးတာ လိုက်​ခြောက်မ​နေနဲ့"

သူ့စကား​ကြောင့် တခြားလူ​တွေက တခိုးခိုးတခိခိနဲ့ ရယ်ကုန်ကြတယ် ။
ယွမ်ယွီ​ဒေါင်က စုန့်လင်ချူဘက်ကိုလှည့်လာပြီး ​ပြောလိုက်တယ် ။

"သူတို့​ပြောတာ နားမ​ထောင်နဲ့...လာ ဒီမှာထိုင်"

စုန့်လင်ချူက ဆိုဖာ​ပေါ်မှာထိုင်လိုက်တယ် ။ ခုနက စကား​ပြောလာတဲ့အမျိုးသားက ဖန်ခွက်တစ်ခွက်ထဲကို အနီ​ရောင်အရည်​တွေ ​​လောင်းထည့်​နေတယ် ။ သူက အဲ့ဒီဖန်ခွက်ကို စုန့်လင်ချူရဲ့အ​ရှေ့ချ​ပေးလိုက်​ပေမဲ့ ယွမ်ယွီ​ဒေါင်က တားလိုက်တယ် ။

"သူက​ကျောင်းသားပဲရှိ​သေးတာ ၊ ဒါ ​သောက်လို့မရဘူး
ငါ သူ့အတွက် တစ်ခုခု မှာ​ပေးလိုက်မယ်"

အမျိုးသားက ယွမ်ယွီ​ဒေါင်ကို ကြည့်ရင်း အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်တယ် ။

"ဝိုင်နီက အဲ့​လောက်လည်းမပြင်းပါဘူးကွာ မင်းက ပိုလွန်းပါတယ်"

"ဒါ​ပေါ့ကွ သူ့ကို ငါ​ခေါ်လာတာ​လေ ၊ ငါက အပြည့်အဝ တာဝန်ယူ​ပေးရမှာ​ပေါ့"

ယွမ်ယွီ​ဒေါင်က စုန့်လင်ချူကို ကာကွယ်ပြီး​ပြော​ပေးလိုက်​ပေမဲ့ ဒီထူးဆန်းတဲ့အ​ခြေအ​နေကြီးက သူ့ကို အ​တော်​လေး မသက်မသာဖြစ်​စေတယ် ။

လူမှားလက်ထပ်ပြီးတဲ့​နောက် ငါထွက်မသွားနိုင်​တော့ဘူး (ဘာသာပြန်)Where stories live. Discover now