7.(ZAWGYI)

1K 74 4
                                    


စုန့်လင်ချူက ကိစ္စ​တွေကို သက်​သေရှာမရဘူးဆိုတဲ့စကားကြားလိုက်ရတဲ့အချိန်မှာ စိတ်ဓါတ်ကျသွားခဲ့​ပေမဲ့ ထန်ယွဲ့ရဲ့ ဘယ်လို​ဖြေရှင်းချင်သလဲဆိုတာကို ကြားလိုက်ရတဲ့အခါမှာ​တော့ စိတ်ဓါတ်က​လေး ပြန်တက်လာတယ် ။

"ဒါက ကိစ္စကြီးတစ်ခုမဟုတ်ပါဘူး ၊ မင်း မ​ကျေနပ်ရင် စိတ်ကြိုက် ​ဖြေရှင်းလို့ရတယ်"

သူ စိတ်မထိန်းထားနိုင်​တော့ဘဲ ​မေးလိုက်မိတယ် ၊

"ကျွန်​တော် ကြိုက်သလို ​ဖြေရှင်းလို့ရတယ်​ပေါ့?"

ထန်ယွဲ့က သူ့ကို ခပ်​ပါးပါး​လေးကြည့်ပြီး ပြန်​ဖြေလာတယ် ။

"သတ်ပစ်လိုက်တာကလွဲရင်​ပေါ့"

'အဲ့လို​တော့မလုပ်ပါဘူးလို့' စုန့်လင်ချူ ​တွေး​နေရင်း ဝတ္ထုတစ်ပုဒ်ကို ပြန်​တွေးသလို အဖြစ်အပျက်​တွေအားလုံးကို ပြန်​တွေးကြည့်လိုက်တယ် ။ သူက အမြဲတမ်း ဘာမဆို လိုက်နာတတ်တဲ့သူဖြစ်ခဲ့တာ ၊ တကယ်လို့ ယွမ်ယွီ​ဒေါင်က သူ့ကို မူး​အောင်တိုက်ပြီး KTV ထဲ ဆွဲ​ခေါ်သွားရင်လည်း သူက ဘာမှလုပ်နိုင်တဲ့သူမဟုတ်ဘူး ။
မ​နေ့ကကိစ္စကို ​တွေးကြည့်ရင် သူသာ ထန်ယွဲ့ကို ဖုန်း​ခေါ်​ပေးဖို့ မ​ပြောထားမိရင် ၊ ထန်ယွဲ့ကလည်း အ​ခြေအ​နေကို ဒတ်ခနဲ သ​​ဘောမ​ပေါက်ရင် ၊ ထန်ယွဲ့မှာ မယုံနိုင်​လောက်တဲ့ အဆက်အသွယ်​တွေမရှိဘဲ မြန်မြန်ဆန်ဆန် မရှာနိုင်ခဲ့ရင်
သူက​တော့....

စဉ်းစားကြည့်ရုံနဲ့တင် စုန့်လင်ချူမှာ ​ကျောချမ်းလာရတယ် ။ သူအကြာကြီး​တွေးကြည့်ပြီးတဲ့​နောက် ထိထိ​ရောက်​ရောက်ဖြစ်​စေမယ့် ​ဖြေရှင်းနည်း ထွက်မလာတာ​ကြောင့် သူ ​တွေ​ဝေစွာနဲ့ပဲ ​မေးကြည့်လိုက်တယ် ။

"ဆိုးဆိုးဝါးဝါးရိုက်နှက်ပစ်ရင်​ရော?"

ထန်ယွဲ့က ချက်ချင်း ပြန်​ဖြေတယ် ။

"အဲ့​လောက်နဲ့ မရဘူး"

အာ...

စုန့်လင်ချူက​တော့ သူ့ကို ရိုက်နှက်ပစ်ဖို့ကလွဲရင် မ​တွေးတတ်ဘူး ၊ ဒါ​ကြောင့် ​ခေါင်းကို ကုတ်ပြီး ​ပြောလိုက်တယ် ။

လူမှားလက်ထပ်ပြီးတဲ့​နောက် ငါထွက်မသွားနိုင်​တော့ဘူး (ဘာသာပြန်)Where stories live. Discover now