ZAWGYI >>> Next Page
ထန်ယွဲ့ နေတဲ့အဆောင်က အတော်လေးကို ကျယ်ပြီး ရှေ့မှာ ဧည့်ခန်းနဲ့ဝရန်တာတောင် ရှိသေးတယ် ။ အပြင်အဆင်ကလည်း အဆင့်အတန်းမြင့်ပြီး ဆေးရုံတွေမှာ ရနေကျ အနံ့မျိုးလည်း လုံးဝမရှိဘူး ။ မြင်ဖူးနေကျ အေးစက်ပြီးဖြူဖျော့နေတဲ့ ဆေးရုံတွေနဲ့ ကွဲပြားနေတဲ့ အခန်းတစ်ခုပါပဲ ။ အမေဖြစ်သူ ဆေးရုံတက်ရတုန်းက စုန့်လင်ချူဟာ ဆေးရုံကို အိမ်လိုမျိုးသဘောထားပြီး နေခဲ့ရဖူးတယ် ။ သူ့အတွက် နေသားကျနေပြီးသား ပတ်ဝန်းကျင်နဲ့ မတူညီတဲ့နေရာတစ်ခုကို မြင်လိုက်ရတော့ နည်းနည်းတော့ မသက်မသာဖြစ်ရတာပေါ့ ။
မသိတဲ့လူဆိုရင် ဒီနေရာကို အဆင့်မြင့်ဆုံး ဟိုတယ်တွေထဲကတစ်ခုလို့တောင် ထင်ကြမှာပဲ ။
အရာအားလုံးအတွက် ဖော်ပြနိုင်တဲ့စကားသုံးလုံးက
'Evil Rich People'(Note : မတရားကို ချမ်းသာလွန်းတဲ့လူတွေ)
"ဥက္ကဌ ...ဧည့်သည်ရောက်လာပါပြီ"
ထန်ယွဲ့ရဲ့အတွင်းရေးမှူးလူငယ်လေး ချန်ပင်းက ပြောလိုက်တယ် ။
ထန်ယွဲ့က Email တစ်စောင်ပြန်ပို့နေရာကနေ စကားသံကြောင့် မော့လာပြီး လမ်းလျှောက်လာတဲ့ ကောင်လေးဆီ လှမ်းကြည့်လာတယ် ။
ဓါတ်ပုံထဲမှာ မြင်နေရတာနဲ့ အပြင်မှာ တကယ့်လူကို တွေ့လိုက်ရတာနဲ့က ခံစားချက်ချင်း ကွာတော့ကွာသားပဲ ။ကောင်လေးက မီးခိုးရောင် မာဖလာနုနုကို လည်ပင်းမှာ ပတ်ထားပြီး ထူထဲတဲ့ မာဖလာကြားကနေ သူ့ရဲ့ ချစ်စရာမျက်နှာလေးက ပေါ်လွင်နေတယ် ။ အဆောင်တွင်းကအပူချိန်ကြောင့် သူ့ပါးတွေနီရဲနေပြီး မျက်လုံးတွေ ကြည်လင်တောက်ပနေတဲ့ပုံစံက သူ့ကို ပိုပြီး ထင်ထင်ရှားရှားဖြစ်စေပါတယ် ။
ဒီလိုဆိုရင်တော့ အဖိုးက သူ့ကို နည်းနည်းနားလည်တယ်လို့ပြောရမယ် ၊ သူက အတွေ့အကြုံမရှိ ၊ ကြိတ်ပြီးကြံစည်တာမျိုးတွေမရှိတဲ့ကောင်လေးတွေကို သဘောကျတတ်မှန်း သိနေတယ်လေ ။
စုန့်လင်ချူကလည်း ထန်ယွဲ့ကို ကြည့်နေခဲ့တယ် ။
သူ့ရဲ့ ပထမဆုံးအမြင်ကတော့ မယုံနိုင်ခြင်း ပဲ ။
သူက ထန်မင်ချင့်ရဲ့အဖေ သူငယ်ချင်းတွေကြားထဲမှာ ရိုက်ထားတဲ့ဓါတ်ပုံကို မြင်ခဲ့ဖူးတယ် ။ အသက် ၄၀ကျော်အမျိုးသားကြီးက အသက် ၃၀ကျော်လိုပဲ အရပ်ရှည် ၊ နုပျိုချောမောပြီး ကြည့်ကောင်းနေခဲ့တာလေ ။
YOU ARE READING
လူမှားလက်ထပ်ပြီးတဲ့နောက် ငါထွက်မသွားနိုင်တော့ဘူး (ဘာသာပြန်)
General Fictioncomedy , romance , shounen ai , yaoi 61 chapters + 19 extra