1.

7K 816 56
                                    

“အေးလိုက်တာ ၊ အပူချိန်က ရုတ်တရက်ကြီးထိုးကျသွားတာရော် ငါက မနေ့ကလို တစ်ထပ်ထဲ ဝတ်လာတာ”

လီချန်းက အတုန်တုန်အယင်ယင် နဲ့စာသင်ခန်းထဲဝင်လာရင်း ပြောလာခဲ့တယ် ။
ဒီနေ့ရဲ့ရာသီဥတုက အပူချိန်အတော်လေးကို ထိုးကျနေတာ ။ ကျောင်းသားတွေက ဘယ်တုန်းကမှ မိုးလေဝသ ထုတ်ပြန်ချက်တွေကို ဂရုမစိုက်ခဲ့ကြတာမို့ ဘယ်သူမှ နွေးနွေးထွေးထွေး ဝတ်မလာခဲ့ကြ ။ လေအေးတွေက အဆက်မပြတ်တိုက်ခတ်နေတဲ့အတွက် သူတို့မှာ ခဲသွားတော့မယောင် ။

“လင်ချူ အေးနေလား”

လီချန်းက အင်္ကျီလက်ရှည်တစ်ထည်ပဲဝတ်ထားတဲ့ လင်ချူကို လှည့်ပြီး မေးလိုက်တယ် ။ စုန့်လင်ချူက ဖြူဖျော့နေတဲ့လက်ချောင်းတွေကို အင်္ကျီလက်ထဲ ထိုးထည့်ပြီး ပြန်ပြောလိုက်တယ် ။

“ရပါတယ် အနွေးဓာတ်နည်းနည်းကျန်သေးတယ်”

လီချန်းက သူ့ကိုကြည့်ပြီး ရယ်တယ် ၊ အဲ့ဒီအချိန်မှာပဲ သူတို့ထိုင်နေတဲ့အနောက်ဘက်ကနေ သက်ပြင်းရှည်ချသံတစ်ခုကြားလိုက်ရပြီး ယောကျ်ားလေးတစ်ယောက်ရဲ့အသံ ထွက်ပေါ်လာတယ် ။

“အာ…မနေ့ကလေ ငါ့ကောင်လေးက ဒီနေ့အပူချိန်ကျလိမ့်မယ်ဆိုပြီး ငါ့ကို မာဖလာ ဝယ်ပေးတယ်လေ ငါကသူ့ကိုမယုံခဲ့ဘူး တော်သေးတယ် သူက အတင်းဝတ်ပေးသွားလို့ပေါ့ မဟုတ်ရင် ငါတော့ ဒီနေ့ ခဲပြီးသေနေလောက်ပြီ”

“မင်းကောင်လေးက စဉ်းစားတတ်လိုက်တာ ငါ မနာလိုဖြစ်လာပြီ “

“မနာလိုစရာ ဘာရှိလဲ သူက ဒီတိုင်း ဈေးကြီးတဲ့ပစ္စည်းတွေ ဝယ်ပေးဖို့လောက်ပဲသိတဲ့ လူရိုးကြီးရယ် လှတာတွေ မလှတာတွေသိတာမဟုတ်ဘူး ငါလေ သူ စိတ်ဆိုးသွားမှာစိုးလို့ မဟုတ်ရင် ဒီလို အဖွားကြီးစတိုင် မာဖလာကြီး မဝတ်ပါဘူး”

လီချန်းက မျက်ဖြူလှန်ပြလိုက်သလို စုန့်လင်ချူလည်း ရှုံ့မဲ့သွားရတယ် ၊ စကားပြောနေတဲ့သူက သူ့တို့ရဲ့အခန်းဖော် စုကျန့် ။
သူပြောတဲ့ ရည်းစားဆိုတာက စုန့်လင်ချူဆီကနေ စနှိုက်ကြော်သွားခဲ့တာ ။

စုန့်လင်ချူရဲ့ ရည်းစားဟောင်းနာမည်က ထန်မင်ချင့် ။ သူတို့က Club Activity တစ်ခုလုပ်ရင်း တွေ့ခဲ့ကြတာ ။ ထန်မင်ချင့်က ကျောင်းရဲ့အလှလေးလို့ သိကြတဲ့ စုန့်လင်ချူကို မြင်မြင်ချင်းမှာပဲ ချစ်မိသွားခဲ့တယ် ။ စုန့်လင်ချူဘက်က လက်မခံမချင်း နှစ်တစ်ဝက်လောက် လိုက်ပြီး ပိုးပန်းခဲ့ရသေးတယ် ။ တကယ်ဆိုရင် ခက်ခက်ခဲခဲလိုက်ထားရတဲ့ ရည်းစားကို တန်ဖိုးထားရမှာဆိုပေမဲ့ လက်တွေ့ကတော့အဲ့လိုမဟုတ်ခဲ့ပါဘူး ၊

လူမှားလက်ထပ်ပြီးတဲ့​နောက် ငါထွက်မသွားနိုင်​တော့ဘူး (ဘာသာပြန်)Where stories live. Discover now