9.(ZAWGYI)

1.1K 61 1
                                    

မျက်စိတစ်မှိတ်အတွင်းမှာပဲ စ​နေ​နေ့ကို ​ရောက်ရှိလာတယ် ။

ကျောင်းတွင်းအဆို​တော်ပြိုင်ပွဲက အကြိုပွဲ နဲ့ ဗိုလ်လုပွဲဆိုပြီး ၂လှည့်ပြိုင်ရမှာ ။ အကြိုပွဲက​​တော့ ​ကျောင်းထဲက​နေပဲ ​ရွေးသွားမှာဖြစ်ပြီး ဒီက Top Ten ဝင်တဲ့ ၁၀​ယောက်ကိုသာ ​ကျောင်း၂​ကျောင်း ယှဉ်ပြိုင်ရ​တော့မဲ့ ဗိုလ်လုပွဲမှာ ပြိုင်ခွင့်​ပေးမှာပါ ။

အကြိုပွဲ​တွေက စ​နေ​နေ့ည ၇နာရီမှာ စတင်မှာဖြစ်ပြီး ကျိုးခဲ့ရှင်းက​​​တော့ ပြိုင်ပွဲဝင်​တွေသီးသန့်ဖွဲ့ထားတဲ့ Wechat group က​နေ ည​နေ ၃နာရီကို ​ကျောင်းဇာတ်ရုံဆီ လာခဲ့ကြဖို့ ​ပြောထားခဲ့ပါတယ် ။

အဲ့ဒီ​နေ့မှာပဲ စုန့်လင်ချူရဲ့ ဖုန်းက သူတို့ သူငယ်ချင်း Group ဖြစ်တဲ့ ''604 သန့်ရှင်း​ရေးနဲ့ သန့်စင်​ရေး" က​နေ ဆက်တိုက်စာ​တွေဝင်​နေတာ​​ကြောင့် အဆက်မပြတ် တုန်ခါ​နေတယ် ။
ဒါ​ကြောင့် သူက ဖုန်းကို ဖွင့်ပြီး စာ​တွေကို ဖတ်ကြည့်လိုက်တယ် ။

ဟဲဝမ်ရန် : [ ​ဟေ့​ကောင်​တွေ....ဒီည ငါ့အိမ်မှာ ငါးကင်စားကြမယ်​ဟေ့ ၊ ငါတို့ စုပြီး မစားရတာကြာပြီ]

လီချန်း : [ ငါ​တော့ ဒီည ဒိတ်လုပ်ရမှာ ၊ မင်းတို့ပဲစားကြ​​တော့]

ဟဲဝမ်ရန် : [ မင်း​ကောင်မ​လေးပါ ​ခေါ်လာခဲ့​လေ ၊ ​ခွေး​စာ​တွေလည်း စားလို့​ကောင်းပါတယ်ကွ]

လီချန်း : [ဒီအကြံ မဆိုးဘူး ၊ တခြားသူ​တွေ​ရော ဘယ်လိုလဲ]

ကောင်းယွမ် : [ ငါက​တော့ အဆင်​ပြေပါတယ် ]

ဟဲဝမ်ရန် : [ လင်ချူ​ရော ဘယ်လိုလဲ ? @songlinchu]

စုန့်လင်ချူ : [ ငါ​တော့ မလာနိုင်ဘူး ၊ ဒီည ပြိုင်ပွဲရှိတယ်]

လီချန်း : [​နေပါဦး....ငါတို့​မေဂျာမှာ လုပ်မဲ့ ပြိုင်ပွဲ​တွေက စ​နေပြီလား ? ငါ ဘာလို့ မသိရတာလဲ]

စုန့်လင်ချူ : [ ၈ကြိမ်​မြောက် နှစ်ပတ်လည် အဆိုပြိုင်ပွဲပါ]

လီချန်း : [FUCK!]

ဟဲဝမ်ရန် : [ FUCK!! ]

ကောင်းယွမ် : [ FUCK!!! ]
စုန့်လင်ချူ : "...."

လူမှားလက်ထပ်ပြီးတဲ့​နောက် ငါထွက်မသွားနိုင်​တော့ဘူး (ဘာသာပြန်)Where stories live. Discover now