All about...

2.1K 266 29
                                    

Helloooo ... Callie ပါ ❤
Novel ​လေးကို ဆက် ဘာသာမပြန်ခင် ကြားဖြတ်ပြီး ​​ပြောစရာ​လေး​တွေ အရင် ​ပြောပါရ​စေ​နော် ဖတ်​ပေး​စေချင်ပါတယ်

1.

Novel ကို ပြန်ဖို့အတွက် E trans Team ဆီက​နေ​တော့ permission ရပြီးပါပြီ ။ ဒီNovel ကို မူရင်းစာ​ရေးသူ
Author ; Sì yuè shíqī သာလျှင် အလုံးစုံပိုင်ပါတယ် ။ Callie တို့က ဝတ္ထုကို သ​ဘောကျလို့ ဆိုင်ရာ ဘာသာစကားနဲ့ ဘာသာပြန်​ပေးကြတဲ့သူ​​တွေပါပဲ ။

2.

Novel ကို Callie က E trans ပဲ ကြည့်ပြီး ပြန်တာပါ ၊ တရုတ်စာ မတတ်ပါဘူးရှင် >< အဲ့ဒီ​တော့ ဇာတ်​ကောင်နာမည်​တွေ လွဲတာ ၊ အ​ကြောင်းအရာလွဲတာမျိုး​တွေအတွက် တစ်ခါထဲ ကြို​တောင်းပန်ပါတယ်

3.

E trans က​နေ ယူပြီးတဲ့အတွက် အချို့​နေရာ​တွေမှာ သူ့လို တိုက်ရိုက်ပြန်လို့မရလို့ Callie မြန်မာစကားနဲ့ အပ်စပ်မယ့်စာသား​လေး​တွေ ထည့်သုံးပြီး ပြန်ဖြစ်တဲ့အ​ကြောင်းကိုလည်း ကြို​ပြောထားပါရ​စေရှင့်
ပြီး​တော့ Callie ကိုယ်တိုင်က ​လေ့လာ​နေဆဲ လူငယ်တစ်​ယောက်မို့ မှားတာ​တွေရှိနိုင်ပါတယ် ။ အပြုသ​​​​ဘော​ဆောင်တဲ့ ​ထောက်ပြမှုတိုင်းကို Callie နာခံသင်ယူဖို့ အသင့်ပါရှင့်

4.

ဒီ Novel က E trans မှာ complete ဖြစ်သွားပြီဆို​တော့ review ​တွေရှိတယ်​ပေါ့​​နော် ။ Callie ဖတ်ကြည့်တဲ့အခါ ကြိုက်တဲ့သူ​တွေလည်း ရှိသလို မကြိုက်ကြတာလည်းရှိပါတယ် ၊ မကြိုက်ကြတာက ML က ၄နှစ်​သား​လေးလို က​လေးဆန်လွန်းလို့ပါတဲ့ ။ Callie လည်း အဆုံးထိ မဖတ်ရ​သေး​တော့ မ​ပြောတတ်ဘူး​နော် ... review ​တွေအရ​တော့ နည်းနည်း​လေး က​လေးဆန်တဲ့အခန်း​တွေ ပါလာလိမ့်မယ်လို့ ထင်ပါတယ် ။ နှစ်​ယောက်က အသက်လည်းကွာတာကိုး ။ ဆို​တော့ တအားက​လေးဆန်တဲ့ plot ​တွေမကြိုက်တတ်ရင်​​တော့ ဒါကို မဖတ်သင့်ဘူး​ပေါ့​နော် ။ ကြိုက်ကြတဲ့သူ​တွေက​တော့ ​ပေါ့​ပေါ့ပါးပါးနဲ့ ချစ်စရာဇာတ်လမ်း​လေးပါ လို့ ​ပြောကြပါတယ်ရှင် ။ ကိုယ့် taste နဲ့ကိုယ် ချိန်ဆပြီး ဖတ်ဖို့ အကြံပြုပါတယ်​နော်

5.
Update ပိုင်းကို​ပြောရရင်​ Callie က မုန့်ဖိုးရ​​အောင် Part time ​လေး​တွေ လုပ်ရတဲ့အတွက် ​နေ့တိုင်း မတင်​ပေးနိုင်တာ ခွင့်လွှတ်ပါ​နော် ၊ ပုံမှန် ၁ပတ် ၂ပိုင်း​တော့ တင်​ပေးမှာဖြစ်ပြီး အားရင် အားတဲ့အ​လျောက် တင်​ပေးသွားပါမယ် ။

လူမှားလက်ထပ်ပြီးတဲ့​နောက် ငါထွက်မသွားနိုင်​တော့ဘူး (ဘာသာပြန်)Where stories live. Discover now