15

2.6K 425 16
                                    

Next Chapter >> Zawgyi

Voice message နား​ထောင်ပြီးတဲ့​နောက်မှာ စုန့်လင်ချူ သူ့ရဲ့ဦး​နှောက်များတစ်ခုခုဖြစ်သွားသလားလို့​တောင် ထင်မိတယ် ။ ထန်ယွဲ့ တကယ်​​ပြော​နေတယ်ဆိုတာ ​သေချာတဲ့အထိ ထပ်ကာ ထပ်ကာ နား​ထောင်မိ​နေတုန်းပဲ ။

ခဏ​လေး...ဒါဆို ဒီက်ို​ရောက်​နေတာ​တောင်မှ သူ့ကို စိတ်ဆိုး​အောင် စာပို့​နေတာ​ပေါ့? လွန်လွန်းလိုက်တာ​နော်...

အရင်က တစ်ခါမှ အရိုက်မခံရဖူးဘူးထင်တယ် ။

သူ့အ​တွေး​တွေကို ခဏ​ခေါက်ထားလိုက်ပြီး စုန့်လင်ချူက KFC ထဲက ထွက်လာကာ ဝင်​ပေါက် ၁ ဆီ ဦးတည်လိုက်တယ် ။

အချိန်က သန်း​ခေါင်​​ရောက်ခါနီးပြီမို့ Mall တစ်ခုလုံးက 24 နာရီဖွင့်တဲ့ဆိုင်​တွေကလွဲရင် တိတ်ဆိတ်​ခြောက်ကပ်​နေပြီ ။ အပြင်ကို ထွက်လိုက်​တော့ လူသွားလူလာတစ်​ယောက်မှမရှိ​တော့ဘူး ၊ အလိပ်လိုက်ရှုသွင်းလိုက်ရတဲ့ မြူ​တွေ​က အပြင်မှာ ဘယ်​လောက်​အေးတယ်ဆိုတာကို ​ဖော်ပြ​နေတယ် ။

သူက ဂျက်ကက်က​ခေါင်း​ဆောင်းကို ​ခေါင်း​ပေါ်​ရောက်​အောင် စွပ်လိုက်ပြီး ဝင်​ပေါက် 1 ဆီ ​ပြေးသွားလိုက်တယ် ။ Square ကို ဖြတ်ပြီးတဲ့​နောက် ​ရေ​ပန်း​ဘေးမှာ ခဏတာရပ်ထားတဲ့ အနက်​ရောင်ကားတစ်စီးကို ​တွေ့လိုက်ရတယ် ။

ဒီ​လောက် အဖိုးတန်ပြီး အဆင့်မြင့်တဲ့ကားနဲ့ နံပါတ်ပြားကို ကြည့်လိုက်တာနဲ့ ထန်ယွဲ့ပိုင်တဲ့ကားဆိုတာ စုန့်လင်ချူ တန်းသိပါတယ် ။

Passenger ဘက်က ပြတင်း​​ပေါက်မှန်က အနည်းငယ် ဟ ​နေတာမို့ စုန့်လင်ချူ အထဲကို ​ချောင်းကြည့်လိုက်တယ် ။ ထန်ယွဲ့က ကား​မောင်းသူ​နေရာမှာ လက်တစ်ဖက်က စီယာတိုင်ကို ​ထိထားပြီး လက်တစ်ဖက်က​တော့ ​ခေါင်းကို မှီထားကာ ထိုင်​နေတယ် ။

" ဘာလို့ ကိုကို ကိုယ်တိုင် လာတာလဲ?"

စုန့်လင်ချူ တံခါးကို ဆွဲဖွင့် ဝင်ထိုင်ရင်း ​မေးလိုက်တဲ့​လေသံက မ​​မျှော်လင့်ထားတဲ့အံ့သြမှု​တွေနဲ့ ပြည့်နှက်​နေတယ် ။

ထန်ယွဲ့က သူ့ကို ​ကျောင်းဆီ ပြန်ပို့​ပေးဖို့ ဒရိုင်ဘာလွှတ်လိုက်တယ်လို့ပဲ ထင်​နေတာ ၊ ထန်ယွဲ့ကိုယ်တိုင် ကား​မောင်းပြီး​ရောက်လာလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဖူးဘူး ။

လူမှားလက်ထပ်ပြီးတဲ့​နောက် ငါထွက်မသွားနိုင်​တော့ဘူး (ဘာသာပြန်)Where stories live. Discover now