"Aboji "
ဧည့်ခန်းထဲတွင် သတင်းစာထိုင်ဖတ်နေသောhanbinအား
Yujinက ခေါ်လိုက်သည်။"အင်း ပြော"
"Kim Gyuvinက ဘယ်အချိန်ကျမှ ကျွန်တော်နဲ့စကားပြန်ပြောလို့ရမှာလဲ "
Yujin ရဲ့အမေးစကားကြောင့် hanbinရဲ့မျက်လုံးတွေက
ပန်းသီးခွာနေသော zhanghaoဆီရောက်သွားသည်။ပြီးမှ
သတင်းစာကိုဘေးချကာ သားဖြစ်သူကိုကြည့်ပြီးမေးလိုက်သည်။"ဘာလဲ လွမ်းနေပြီလား ?"
"မလွမ်းပါဘူး ဒီအတိုင်းသိချင်လို့မေးတာ သူ့ရောဂါက ပျောက်မှာရောဟုတ်လို့လား ?"
"ပြောပြီးပြီလေ အဲ့တာသူနဲ့ပဲဆိုင်တယ် သူ့စိတ်သူနိုင်အောင်ထိန်းနိုင်ရင်ရပြီ အချိန်တွေဘာတွေမလိုဘူး ၊ချက်ချင်းလက်ငင်းကောင်းသွားတာတောင်ဖြစ်နိုင်တယ် "
"အဲ့တော့ အခုက စမ်းတဝါးဝါးကြီးပေါ့ ၊ဘယ်အချိန်ကောင်းမယ်မှန်းလည်းမသိပဲနဲ့ "
"သတိရရင်သွားတွေ့လေ ခြံချင်းကပ်နေတာပဲကို "
"မတွေ့ချင်ပါဘူး သူတောင်လာမတွေ့ပဲနေနိုင်နေတာပဲကို
တော်ပြီး ..သွားအိပ်တော့မယ် "
ဆိုကာ အပေါ်ထပ်က ကိုတက်သွားတော့သည်။
"Kim Gyuvinအရူးကောင် လူချင်းမတွေ့ရဘူးလို့ပဲပြောတာလေ
ဖုန်းမဆက်ရဘူးလို့မှမပြောထားတာ တစ်လခွဲလုံး ငါ့ဆီဖုန်းလေးတစ်ချက်တောင်မခေါ်ဘူးပေါ့ ...ရတယ်လေ ...ဘယ်တော့မှလာခေါ်နဲ့တော့ ...အား........"မင်းသားလေးနဲ့ကိုယ်ရံတော်လေးနှစ်ယောက်မှာ ကိုယ်ရံတော်လေးကသာမင်းသားလေးကိုလွမ်းနေတယ်ထင်ရင်မှားသွားပါလိမ့်မယ်
တကယ်တော့...မင်းသားလေးကလည်း ကိုယ်ရံတော်လေးနဲ့ထပ်တူထပ်မျှလွမ်းနေတယ်ဆိုတာ ကိုယ်ရံတော်လေးသိပါလေစ....____________________
"အခုချိန်လောက်ဆို သူထမင်းစားပြီးလောက်ရောပေါ့ ဒီအချိန်ပြတင်းပေါက်ကနေလှမ်းကြည့်ရင် သူ့ကိုမြင်ရလောက်မလား?"ဒေါက်
ဒေါက်
"ဘာသံလဲ "
အိပ်ယာပေါ်ကနေထပြီး အသံကြားရာနေရာကိုလိုက်ရှာကြည့်လိုက်တော့ သူ့အိပ်ခန်း ပြတင်းပေါက်မှန်ကို တစ်ခုခုနဲ့ပစ်ပေါက်နေတဲ့အသံမျိုး
![](https://img.wattpad.com/cover/342142912-288-k575939.jpg)
BẠN ĐANG ĐỌC
ကျွန်တော့်သခင်ငယ်လေး (UxZ)complete
FanfictionKim gyuvinကလူမဟုတ်ဘူး ကျွန်တော့်နားတစ်ချိန်လုံးကပ်နေတဲ့ ကပ်ပါးကောင်