Dragon Blood (နဂါးသွေး) ဒါက zhanghaoရဲ့အဖိုး
က စပြီးပေးထားတဲ့နာမည် အဲ့ဒီနဂါးသွေးဆိုတဲ့နာမည်ရဲ့အောက်မှာ
zhanghaoရဲ့အဖိုးဖြစ်သူက ငွေဖြူတွေရော ငွေမည်းတွေရော
အားလုံးစီးဆင်းစေတယ် Dragon Blood ဆိုတဲ့နာမည်နဲ့
ကလပ်တွေဖွင့်ထားပြီး တစ်ရက်ကိုအနည်းဆုံးဝမ်သန်းတစ်ရာဖြုန်းနိုင်တဲ့သူတွေသာ အဲ့ကလပ်ထဲကိုဝင်ခွင့်ရှိတယ် ကလပ်ကလုံခြုံရေး
တွေက သခင်တွေရဲ့လုံခြုံရေးကို အလုပ်ချိန်အတွင်းရော အလုပ်ချိန်အပြင်မှာပါ လိုအပ်ရင်လိုအပ်သလိုတာဝန်ယူရတယ် ။ဒီကလပ်ရဲ့ထူးခြားချက်တစ်ခုက ကျန်းအိမ်တော်ရဲ့ သားတွေအသက်၁၈နှစ်ပြည့်တာနဲ့ အလိုအလျောက်အမွေဆက်ခံရတာပါပဲ ။ အခုဆို ကလပ်ရဲ့ဆက်ခံသူ လေးယောက်မြောက်ပါ ။တတိယမြောက်ဆက်ခံသူ သခင်လေးzhanghaoကို အပြင်မှာတွေ့ဖူးတဲ့သူက ရွှေလိုရှားတယ်။သခင်လေးက ကလပ်ရဲ့ကိစ္စအဝဝကို အိမ်ကနေပဲစီမံတယ် ကလပ်ကိုတစ်ကြိမ်တစ်ခါမှခြေဖျားတောင်လာမချဖူးပေ။မနေ့ညသန်းခေါင်ယံအချိန် ဆက်ခံသူအသစ်ခန့်အပ်ကြောင်းကြေညာတဲ့ဓာတ်ပုံတွေက လုံခြုံရေးဝန်ထမ်းအားလုံးရဲ့ဖုန်းထဲကို 12နာရီထိုးတာနဲ့အသင့်ဝင်ရောက်လာခဲ့သည်။လုံခြုံရေးဝန်ထမ်းဆိုပြီးအထင်သေးဖို့မစဥ်းစားပါနဲ့ အားလုံးကလက်ရွေးစင်တပ်သားတွေချည်းပင် ။တကယ်တော့သူတို့အားလုံးက ကလပ်မှာအမူးသမားစောင့်ကြည့်ရတာကို အရမ်းငြီးငွေ့နေကြပြီဖြစ်သည်။
သခင်ကပေးတဲ့ တာဝန်အသစ်အဆန်းတွေကိုထမ်းဆောင်လိုကြ၏။
ထို့ကြောင့် သူတို့၏အသစ်စက်စက်သခင်ငယ်လေးကိုမြင်လိုက်သည်နှင့်တစ်ပြိုင်နက် အားလုံးပျာယာခတ်သွားခြင်းပင်။ဒီသခင်ငယ်လေးကတော့ထူးခြားလောက်တယ်ထင်ပါရဲ့။အသက်ပြည့်တာနဲ့
အလုပ်ကိုတန်းရောက်လာတယ်။ဒါပေမယ့် ကောင်းသောလာခြင်းမဟုတ်ခဲ့ပါပေ....ကောင်မလေးတွေအခန်းထဲက ထွက်သွားပြီးတာနဲ့ အခန်းထဲမှာကျန်နေတဲ့သူတွေကို ဝေ့ဝိုက်ကြည့်လိုက်တော့ သူတို့ထဲက တစ်ယောက်က ဖူဆယ်ပွဲမှာ သူ့ရဲ့ညှို့သကျည်းကိုကန်လိုက်သူလည်းပါတယ်။
အခုမှ အလုံးစုံကိုသူသဘောပေါက်သွားခဲ့ရသည် ။ ဒီလူ Kim gyuvin ရဲ့ပုံစံတုပြီး သူ့ရှေ့မှာပေါ်လာကတည်းက သတိထားမိခဲ့ရမှာ ..အခုတော့ သူ့ရဲ့ပေါ့လျော့မှုကြောင့် Kim gyuvin
က အခုဘယ်ရောက်နေမှန်းမသိ ။
ESTÁS LEYENDO
ကျွန်တော့်သခင်ငယ်လေး (UxZ)complete
FanficKim gyuvinကလူမဟုတ်ဘူး ကျွန်တော့်နားတစ်ချိန်လုံးကပ်နေတဲ့ ကပ်ပါးကောင်