အပိုင်း(၈)Unicode

607 45 2
                                    

ဖြန်း.......
Kim gyuminသည် သူ့အမေထံကနေ ပြင်းထန်လှသောပါးရိုက်ချက်ကိုငြင်းဆန်ခွင့်မရှိ

"ငါနင့်ကိုပြောတယ်မလား? Han yujinနဲ့ ရင်းနှီးမှုရအောင်လုပ်ပါဆို အခု အချိန်တွေအများကြီးကုန်သွားပြီ စကားတောင်သုံးခါလောက်ပဲပြောရသေးတဲ့ မင်းကိုယ်မင်းသိပ်ပြီးအထင်ကြီးနေသလား ...ဟမ်!!!"
Choi Miaသည် သူ၏လက်စားချေမည့်အစီစဥ်အခုထိအကောင်ထည်မဖော်နိုင်သေးတာကြောင့် Kim gyuminထံရှိသမျှဒေါသများကိုပုံချထား၏။

"ကျွန်တော်ကြိုးစားပါသေးတယ် ဒါပေမယ့်သူက ရင်းနှီးမှုရဖို့ခက်လို့ပါ "
အများရှေ့တွင်သာ ဗီလိန်ဆန်တဲ့သူဖြစ်ချင်ဖြစ်နေပေမယ့် အမေ့ရဲ့ရှေ့မှာတော့ သူကသားလိမ္မာလေးပင် ။အမေကသူတက္ကသိုလ်တက်နေတဲ့အချိန်တုန်းကသူ့ခေါင်းပေါ်ရေလောင်းချလိုက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ Sungမျိုးရိုးနဲ့ကျန်းမျိုးရိုးကမွေးလာတဲ့သားကို သူနဲ့ချစ်ကြိုက်စေပြီး သူတို့ရဲ့သားအနိုင်ကျင့်ခံရတာကို
သူ့ရဲ့အဖေနှစ်ယောက်ကိုမြင်စေပြီး အရှင်လတ်လတ်ငရဲကျခံနေရသလိုမျိုးစိတ်ဆင်းရဲအောင်လုပ်ရမယ်တဲ့လေ ။အဲ့အကြောင်းပြချက်နဲ့သူ့မှာ Kim gyuvinဆိုတဲ့လူနဲ့တူအောင် body ကို
trainရ characterတွေ changeရနဲ့ ကိုယ့်နဂိုပုံစံကဘယ်လိုမျိုးလဲဆိုတာ မေ့ချင်သလိုလိုဖြစ်နေတာ ။ဒါပေမယ့် အမေ့ကိုသူမမုန်းခဲ့ပါ ။အမေကသူ့အတွက်တော့ကျေးဇူးရှင်ပဲမဟုတ်ပါလား။
အဲ့ဒါကြောင့်မဖြစ်ဖြစ်တဲ့နည်းနဲ့ကိုလက်စားချေပေးမှာ...

"အဲ့တာကိုဆင်ခြေအဖြစ်သုံးနေတာလား ? မရရတဲ့နည်းနဲ့လုပ်ပေါ့
လွယ်လွယ်နဲ့ချဥ်းကပ်လို့မရဘူးဆိုလည်း ဦးနှောက်သုံးလေ"

"ကျွန်တော်စဥ်းစားထားတာတစ်ခုတော့ရှိပါတယ် သန်ဘက်ခါဆိုရင်
Han yujinရဲ့ မွေးနေ့ပါ အဲ့နေ့ကျရင် ကျွန်တော်
Han yujinကို အပိုင်ကြံမလားလို့ ပြီးတော့ကျွန်တော်သူတို့ရဲ့လျို့ဝှက်ချက်ကို သိထားတာရှိပါတယ် အဲ့တာက Han yujin
ထိခိုက်တာနဲ့ Kim gyuvinပါ ထိခိုက်မှာ "
သူပြောလိုက်တဲ့စကားတွေကြောင့်အမေ့ရဲ့ဒေါသတွေကနည်းနည်းလျော့သွားတယ်ထင်ပါရဲ့ ။ခုနက ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
လက်သီးဆုပ်က ပြေလာသလို...

ကျွန်တော့်သခင်ငယ်လေး (UxZ)completeOnde histórias criam vida. Descubra agora