အပိုင်း(၁၁)Unicode

639 62 6
                                    

"သူ့ရဲ့မှတ်ဉာဏ်တွေပျောက်သွားအောင်လုပ်ပေးလို့ရတယ်မလား?"

Choi Miaသည် ကုတင်ပေါ်တွင်လဲလျောင်းနေသူကိုကြည့်ပြီး
သူ့ဘေးတွင်ရပ်နေသောဒေါက်တာထံ မေးလိုက်သည်။

"ကျွန်တော်အတတ်နိုင်ဆုံးကြိုးစားကြည့်ပါ့မယ် Choi Mia shi"

"ဘယ်တော့လောက်သတိရလာမလဲ "

"မှတ်ဉာဏ်ပျောက်ဆေးထိုးထားတာဆိုတော့တစ်လလောက်ဆို သတိရလာပါလိမ့်မယ် ၊သူ့ကိုလိုအပ်တာတွေပြင်ဆင်ပေးပြီးပြီဆိုတော့ ကျွန်တော်ပြန်လိုက်ပါဦးမယ် လိုအပ်တာရှိရင်ခေါ်လိုက်ပါ "

"ဒီလောက်လူအများကြီးနဲ့တိုက်ခိုက်ထားတာတောင် အသက်ရှင်နိုင်သေးတယ်ဆိုတော့ မင်းကအရမ်းအံ့သြဖို့ကောင်းတာပဲ
Kim gyuvin , မင်းနိုးလာလို့ငါ့ရဲ့ကြိုးဆွဲရုပ်လေးဖြစ်ပေးမယ်ဆိုရင် ငါက မင်းကိုအသက်ရှင်ခွင့်ပေးမယ်ကောင်လေး ၊အဲ့လိုမှမဟုတ်ရင်တော့ မင်းကိုယ်တိုင်မင်းရဲ့လက်နဲ့မင်းချစ်ရသူတွေကို
ပြန်သတ်ရအောင်လုပ်ပေးမယ် ၊မင်းကိုငါ့လက်နဲ့မသတ်ချင်တာမို့လို့
နိုးလာတဲ့အခါ အရင်ကမှတ်ဉာဏ်တွေမရှိတော့ရင်ကောင်းမှာပဲ"

ပြောရင်းနဲ့ Choi Miaသည် ဖုန်းထုတ်ကာ Kim gyumin
ဆီခေါ်လိုက်သော်လည်း ဖုန်းကပြန်လည်ဖြေကြားခြင်းမရှိ
"ဒီကောင်လေးအစီစဥ်အတိုင်း Han yujinနဲ့ တူတူအိပ်နေတုန်းလား ..အဲ့ဒါကြောင့်ဖုန်းမကိုင်တာဖြစ်လိမ့်မယ် ၊ထားလိုက်ပါတော့
ခေါ်ထားတာတွေ့ရင် ပြန်ခေါ်လိမ့်မယ်၊ ငါ့မှာတော့ Kim gyuvin
သေဆုံးကြောင်းအတည်ပြုဖို့အရေး DNA စစ်တဲ့လူတွေကို
လာဘ်ထိုးရတာ နဲ့ အလောင်းတုဖန်တီးရတာနဲ့ မအားတာကို
ဒင်းကတော့ သာယာနေတယ် "

__________________________
"သခင်ငယ်လေးရောက်ပြီလား "

Yujinသည် လုံခြုံရေးခေါင်းဆောင်မေးသည်ကို ခေါင်းညိတ်ကာ
အသိမှတ်ပြုလိုက်သည်။

အဲ့နေ့က ချောက်ထဲကျနေတဲ့အလောင်းရဲ့
DNAက Gyuvinဆိုပြီးထွက်လာပေမယ့် Kim gyuvin
မသေဘူးဆိုတာ သူယုံကြည်နေဆဲ ။Kim Gyuvin ဘယ်ရောက်နေလဲ ငါမင်းကိုအရမ်းလွမ်းနေပြီ ငါ့ဆီကိုမြန်မြန်ပြန်လာခဲ့ပါတော့။ပြီးတော့ ဒီကိစ္စရဲ့နောက်ကွယ်ကလူကို သူသိချင်သေးတယ် ။Kim gyuminကို စစ်မေးနေတာနှစ်ပတ်လောက်ရှိပေမယ့် မလောက်လေးမလောက်စားကောင်ကအခုချိန်ထိနှုတ်ပိတ်နေတုန်း ။

ကျွန်တော့်သခင်ငယ်လေး (UxZ)completeOnde histórias criam vida. Descubra agora