အပိုင်း(၄)Unicode

676 53 4
                                    

Kim gyuvin သူကလူမဟုတ်ဘူး
သူကကျွန်တော့်နားတစ်ချိန်လုံးကပ်နေတဲ့ ကပ်ပါးကောင်
ကပ်ပါးကောင်ဆိုတဲ့ နာမည်ကြားလိုက်တာနဲ့ စိတ်ရှုပ်စရာကြီးမလား?
ဒါပေမယ့် ဒီကပ်ပါးကောင်က နည်းနည်းတော့ စိတ်ရှုပ်စရာကောင်းပေမယ့်
ချစ်ဖို့အရမ်းကောင်းတယ်
မူလတန်းစတက်ကတည်းက အမြဲ အရိပ်တကြည့်ကြည့်နဲ့ရှိနေပေးခဲ့တာ အခုချိန်ထိပဲ ပြီးတော့ သူမကြာခဏပြောနေကျစကားတစ်ခွန်းရှိတယ်
Han yujin က ငါပိုင်တာ ငါ့လူ သူ့ကိုစိတ်ရှုပ်အောင်လုပ်တဲ့သူမှန်သမျှ ငါနဲ့တွေ့မယ်တဲ့
ကြည့်ပါလား ... ချစ်စရာကြီး..
ဒါပေမယ့် သူမေ့နေတာ တစ်ခုရှိတယ် ကျွန်တော်က
Sung hanbinနဲ့ Zhanghao တို့ရဲ့သားဆိုတာကို ....

"ဟဲလို  သခင်ငယ်လေး "

"Kim gyuvin ဒီနေ့ ထိခိုက်သွားတယ် ဘယ်သူ့လက်ချက်လဲဆိုတာ အခုချက်ချင်းသိချင်တယ် "

"ဟုတ်ကဲ့  ကျွန်တော် အခုပဲ စုံစမ်းလိုက်ပါ့မယ် "

တစ်နာရီလောက်ကြာတော့ သူလိုချင်တဲ့ အချက်အလက်တွေအားလုံးသူ့ဆီရောက်လာခဲ့တယ် ...
အဲ့လူတွေအားလုံးက သာမန်ကြေးစားလေးတွေ
ဒီလူတွေက ဘာလို့ ...Kim gyuvinကိုအဲ့လိုလုပ်ရတာလဲ ?

ဒါပေမယ့် နောက်သုံးလလောက်အထိ ဘယ်သူမှနှောက်ယှက်မည့်သူမရှိတော့  ဒီအတိုင်းတိုက်ဆိုင်တာလို့တွေးပြီးမေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။
________________________

"Han  Yujin "
"Han Yujin "
"Han Yujin"

ဒီနေ့တော့ ဆိုးလ်အနုပညာတက္ကသိုလ် ဖူဆယ်ကွင်းတွင်
ဖူဆယ်ပြိုင်ပွဲရှိသည်။
ပြိုင်မည့်အဖွဲ့က Yujinတို့ အနုပညာတက္ကသိုလ် နှင့် အားကစားတက္ကသိုလ်တို့ပင်ဖြစ်သည် ။
ဘယ်လိုပဲကြည့်ကြည့် အားကစားတက္ကသိုလ်ကနိုင်မှာအသေချာပဲမဟုတ်ပါလား ....
ဒါပေမယ့် အားပေးနေကြတဲ့ ပရိတ်သတ်တွေကတော့ Han yujin ရဲ့ solo concert အလား yujinရဲ့နာမည်ကိုသာဆက်တိုက်အော်၍အားပေးနေသည် ။

"Yujin na အဆင်ပြေပါ့မလား အားကစားက ကောင်တွေက
အကုန်လုံးတောင့်တောင့်တင်းတင်းတွေကြီးပဲ ဖြစ်နိုင်ရင်
ဒီပွဲကိုမကန်ပါနဲ့လား ?"
Gyuvinသည် ထုံးစံအတိုင်း စိတ်ပူရေးလုပ်ငန်းစတင်နေပြီး
Yujinကတော့ မကြားချင်ယောင်ဆောင်ကာ ဖိနပ်ကြိုးတွေကိုသာသေချာချည်နေသည် ။

ကျွန်တော့်သခင်ငယ်လေး (UxZ)completeOnde histórias criam vida. Descubra agora