အပိုင်း(၁၂)zawgyi

205 4 0
                                    

လွန်ခဲ့သောနှစ်ပတ်က

ချောက်ထဲကျသွားသောအလောင်းသည် Kim gyuvinမှန်ကန်ကြောင်းDNAစစ်ချက်ထွက်လာသည်ဖြစ်ရာ အားလုံးက စိတ်မကောင်းဖြစ်နေကြသည်။Matthew ဆို အငိုလွန်ပြီး သတိမေ့သွားသည်အထိပင်။ထို့ကြောင့် အသုဘကိစ္စကို Hanbinနှင့်
Zhanghaoကသာ ဦးစီးပေးသည် ။အိမ်၏ဆည်းလည်းလေး
သည် လောကကြီးမှထွက်ခွာသွားသည်ဖြစ်၍ မိသားစုနှစ်ခုလုံး
စကားပြောမည့်သူမရှိ ကျလာသည့်မျက်ရည်ကိုသုတ်လိုက်
လုပ်စရာရှိတာတွေလုပ်လိုက်နှင့် ....။သို့သော် ထိုဝမ်းနည်းမှုက
Yujin၏စကားကြောင့် ထပ်ဆင့်ဝမ်းနည်းခြင်းသို့ကူးပြောင်းသည်။အကြောင်းမှာ...

"ကျွန်တော်မနက်ဖြန်မင်္ဂလာဆောင်မယ် ၊အားလုံးကျွန်တော့်မင်္ဂလာဆောင်ကိုလာပေးဖို့မျှော်လင့်ပါတယ်"

Yujinစကားကြောင့်အားလုံးကအံ့သြမှုကြီးစိုးလျှက် ၊
မနက်ဖြန်က Gyuvinရဲ့ အသုဘနေ့လေ အဲ့တာကိုသူက
မင်္ဂလာပွဲလုပ်မှာတဲ့ ပြီးတော့ ဘယ်သူနဲ့လဲ

"Yujin na ဘာတွေ ပြောနေတာလဲ မနက်ဖြန်က Gyuvinရဲ့"

Zhanghaoစကားမပြီးဆုံးအောင်မပြောနိုင်ခင်မှာပင်
Yujinက လက်သီးနှစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ

"မကြားချင်ဘူး ...အဲ့ဒီ အသုဘဆိုတဲ့အသံကိုမကြားချင်ဘူး
Kim gyuvinသေပြီလို့ ယူဆတဲ့လူတွေက အဲ့ဒီကိုသွား
ကျွန်တော်ကတော့ သူ့ကို လွှတ်မြောက်ခွင့်မပေးနိုင်ဘူး အဲ့တာကြောင့် ဝိညာဉ်ဘဲဖြစ်ဖြစ်ရအောင်ကျွန်တော့်နားမှာချုပ်ထားမှာ
ဦးလေး Matthewနဲ့ ဦးလေး jiwoongတို့ ကျွန်တော်တို့ကို
ခွင့်ပြုပေးဖို့မျှော်လင့်ပါတယ် "

Yujinက သူပြောစရာရှိတာပြောပြီးတာနဲ့ ထွက်သွားတော့၏။

"Yujin na ,Yujin na "
Zhanghaoဘယ်လိုပဲခေါ်ခေါ် သူ့၏သားငယ်လေးသည်
တစ်ချက်ကလေးမျှပင် ပြန်လှည့်မကြည့်တော့ပါ။

"ငါတို့  ငါတို့ရဲ့ Yujinလေးကိုသနားလွန်းလို့ ဘယ်လိုလုပ်ရမလဲ ၊
ငါတို့ရဲ့ကလေးလေးကို သနားလွန်းလို့ဘယ်လိုလုပ်ရပါ့မလဲ "

Zhanghaoက အစပြုပြီးငိုတော့ အငိုတိတ်ကာစဖြစ်သော
Matthewကလည်းတစ်ဖန်ငိုပြန်၏။ Hanbinနှင့် Jiwoong
သည်လည်း အငိုမဆဲနိုင်သော သူတို့ရဲ့သက်ဆိုင်ရာလူများကို
ရင်ခွင်ထဲထည့်ထားရုံမှအပ အခြားမတတ်နိုင်ခဲ့။ Kim taerae
သည်လည်း တစ်ယောက်တည်းကျိတ်မှိတ်ငိုနေဆဲ။

ကျွန်တော့်သခင်ငယ်လေး (UxZ)completeNơi câu chuyện tồn tại. Hãy khám phá bây giờ