"ဒီနေ့အခန်းကို လိုက်မလာနဲ့နော် လာရဲရင်လာကြည့် ဦးလေး
Matthewနဲ့တိုင်ပြောမယ် "
အဲ့ဒါကကျောင်းထဲကိုခြေလှမ်းလိုက်တာနဲ့ သူ့ကျွန်တော့်ကိုပြောတဲ့စကားတစ်ခွန်း"ဘာလို့လဲ နင့်မှာသူငယ်ချင်းမှမရှိတာ စာသင်ခန်းထဲပျင်းနေမှာပေါ့ "
"ရတယ် တစ်ယောက်တည်းနေတတ်တယ် ကိုယ့်အခန်းကိုယ်သွားပြီးစာလေးဘာလေးသွားလုပ် စာမေးပွဲကျရဲရင်ကျကြည့်
Apaကိုပြောပြီး အိမ်အသစ်ဝယ်ခိုင်းလိုက်မယ် "
အဲ့ဒီစကားနဲ့သူခြိမ်းခြောက်လာတာ ကျွန်တော်အထက်တန်းပြီးသွားတဲ့အထိ အစက သူ့ကိုစိုးရိမ်လို့ အတန်းအောက်ပြီး သူနဲ့အတန်း
တူအောင်လုပ်မလို့ကို စာမေးပွဲကျတာနဲ့ အိမ်ပြောင်းပစ်မယ်ဆိုတဲ့
စကားကြောင့် ကျွန်တော့်မှာ အတန်းမကျရဲခဲ့ အိမ်ချင်းကပ်နေတာတောင် စကားကပြောချင်မြှပန်ပြောတာ အိမ်သာဝေးသွားလို့ကတော့မတွေးရဲစရာဘဲ"ပြီးရော ဒီနေ့တစ်ရက်တော့အတန်းထဲသွားလိုက်မယ် မနက်ဖြန်မှလာခဲ့မယ် "
"မနက်ဖြန်လည်းမလာရပါဘူး ဒီနေ့ကစပြီး ကိုယ့်အတန်းကိုယ်တက် ထမင်းစားချိန်ရောက်မှ လာခဲ့
ခိုးပြီးကြည့်နေဖို့လည်းမစဉ်းစားနဲ့နော် Han yujinဘာလဲဆိုတာသိသွားမယ် "
အစက ဒီနေ့တစ်ရက်အတန်းတက်ချင်ယောင်ဆောင်ပြီး သူ့ကို
စောင့်ကြည့်ဖို့လုပ်ထားပေမယ့် ကျွန်တော့်အကြောင်းကိုသူကောင်းကောင်းသိနေတယ် ။"မျက်နှာက ဘယ်လိုဖြစ်နေတာလဲ သွားတော့လေ "
"yujin na ဒီနေ့တစ်ရက်လောက်ပဲဖြစ်ဖြစ် "
"မရဘူး သွားတော့ "
"yujin na........"
"အခုထိမသွားသေးဘူးလား? ရတယ်လေ Apaကိုအခုပဲဖုန်းဆက်လိုက်တော့မယ် "
"ဟင့်အင်း မလုပ်နဲ့ သွားမယ် အခုပဲသွားပြီ "
လို့ပြောပြီးတာနဲ့ လက်ပြပြီး ထွက်သွားတယ် ..
မသွားခင်ပြောသွားသေးတယ် ဘယ်သူ့ကိုမှအနားကပ်မခံနဲ့..
စကားလည်းမပြောနဲ့ ..လက်ဆောင်ပေးလည်းမယူနဲ့ ...
အကြောင်းရှိရင်ဖုန်းဆက်လိုက်..ချက်ချင်းလာခဲ့မယ်တဲ့
သူကအဲ့လိုပဲ မူလတန်းစတက်ကတည်းက စိတ်ပူတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တစ်နေ့တစ်နေ့အခန်းရှေ့ကိုချောင်းပေါက်မတတ်ဖြတ်လျှောက်နေတာ ဘာကိုပူလို့ပူနေမှန်းမသိ

ESTÁS LEYENDO
ကျွန်တော့်သခင်ငယ်လေး (UxZ)complete
FanficKim gyuvinကလူမဟုတ်ဘူး ကျွန်တော့်နားတစ်ချိန်လုံးကပ်နေတဲ့ ကပ်ပါးကောင်