Extra (Unicode)

933 61 2
                                    

လက်ထပ်ပြီးနောက်ပိုင်း Yujin၏ဆုံးဖြတ်ချက်အရ
တစ်အိမ်ကို တစ်လစီ ပြောင်းနေဖြစ်သည်။
ယခုလသည် Gyuvinတို့အိမ်တွင်နေရသည့်လဖြစ်သည် ။

"Ya!!! Kim gyuvin မင်းလက်မပါဘူးလား ၊ဘယ်နှယ့်
Yujinလေးကို ချည်းပဲ ခွံ့ခိုင်းနေတာလဲ သူ့ဟာသူစားပါစေဦး "

Taeraeကအော်လိုက်တာကြောင့် Gyuvinက ပြန်ပြောဖို့ပြင်လိုက်ပေမယ့် အသံကထွက်မလာပဲ အစားနင်သွားတော့၏။ထိုအခါ
Yujinကပဲရေကိုဂရုတစိုက်နှင့်တိုက်ပေးပြန်၏။

"Taerae hyungကလည်း ကျွန်တော့်ယောကျာ်းကိုမဆူပါနဲ့
အစားစားနေတာနင်ကုန်ပြီမလား "

Yujinကပြောတော့ Gyuvinကမျက်နှာငယ်လေးနှင့်ခေါင်းညိတ်ပြသည် ။ ပြီးတော့ သူ့အစ်ကိုဘက်လှည့်ကာ Yujinလေး
မမြင်ခင်လျှာကိုလှစ်ခနဲထုတ်ပြလိုက်သေးသည်။

"ဝါး.....အံ့သြစရာပဲ အဖေ သူတို့ကို အိမ်သက်သက်စီခွဲပေးလိုက်ရအောင် ကျွန်တော်မျက်စိတွေနောက်လွန်းလို့ "

"အဲ့တာတော့မဖြစ်ဘူး Yujinလေးက ငယ်သေးတယ် ကျောင်းလည်းမပြီးသေးဘူး ဒါမှမဟုတ် မင်းလည်းတစ်ယောက်လောက်
ရှာလိုက်လေ မင်္ဂလာဆောင်တုန်းက ပန်းစည်းရသွားတဲ့
ဟိုကောင်လေးလေ နာမည်က ဘာဆိုလား "

Matthewက Lee Jeong hyeonရဲ့နာမည်ကိုစဥ်းစားနေ၍
Gyuvinက ထောက်ပေးလိုက်သည်။

"Lee Jeong hyeonလို့ခေါ်တယ် အဖေ "

"အင်း ဟုတ်တယ် အဲ့တစ်ယောက် ၊ ရုပ်ရည်ကတော့မဆိုးပါဘူး
တစ်ရက်လောက်အိမ်ခေါ်ခဲ့လေ အဖေအကဲခတ်ပေးမယ် "

အတိုင်ဖောက်ညီနေသော သားအဖနှစ်ယောက်ကိုကြည့်ပြီး
Taeraeဒေါသထွက်လာတော့သည်။

"အဖေ !!!ကျွန်တော်ပြောနေတာ ရှေ့ကမျက်စိနောက်အောင်လုပ်နေတဲ့ နှစ်ယောက်အကြောင်းကိုလေ ၊အဲ့တာကို ဘယ့်နှယ့်
Lee Jeongက စကားဝိုင်းထဲ ပါလာရတာလဲ "

"ဝိုး....hyungတို့များမကြိုက်သလိုလိုနဲ့ နာမည်ခေါ်တော့
အဖျားဆွတ်ပြီးခေါ်တယ်နော် ..Lee Jeongတဲ့ "

"Ya!!!Kim Gyuvin !!!"

"Taerae hyungကလည်း ကျွန်တော့်ယောကျာ်းကိုမအော်ပါနဲ့ဆို "

"အာ့ အာ့ ငါ့ခေါင်း သွေးတောင်တက်လာပြီး တော်ပြီသွားတော့မယ် ထမင်းဆက်မစားနိုင်တော့ဘူး "

ကျွန်တော့်သခင်ငယ်လေး (UxZ)completeWhere stories live. Discover now