ညိုနဲ့ အမောင်တို့ရဲ့ မေး၊ဖြေ ကဏ္ဍလေးမှ ကြိုဆိုပါတယ်ရှင်။ စာရေးလာခဲ့တဲ့ သက်တမ်းတစ်လျှောက် ဒီလိုလေး လုပ်ဖြစ်ချင်ခဲ့တာ။ နောက်ဆုံးတော့ အမြတ်နိုးဆုံး ဇာတ်ကောင်နဲ့အတူ စီစဉ်ဖြစ်သွားပါပြီ။
______________________________
(၁) ဒီအစီအစဉ်ကို လုပ်ရတဲ့ ခံစားချက်လေး။
အမောင် • ကျုပ်လူမပါလာလို့ မပျော်ဘူး။
(၂) ဒေါ်ဒေါ်ကို ဘယ်လိုသဘောကျမိသွားတာလဲ။
• သဘောကျမိရုံ မဟုတ်ဘူး၊ ချစ်မိသွားတဲ့ အထိပဲ။ ပြီးတော့ ချစ်မိသွားဖို့ဆို စက္ကန့်အနည်းငယ်ပဲ လိုအပ်တယ်။ အကြောင်းပြချက် မလိုဘူး။
(၃) ဒေါ်ဒေါ့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘယ်အစိတ်အပိုင်းကို အကြိုက်ဆုံးလဲ။
• တစ်ကိုယ်လုံးကြိုက်တယ် နေရာမရွေးဘူး။
(၄) ဦးသတ္တစည်သူအတွက် စကားတစ်ခွန်း။
• သေရွာကနေ ပြန်ထမလာနဲ့။
(၅) အကြိုက်ဆုံးပန်း။
• စိန်ပန်းနီ။
(၆) အကြိုက်ဆုံး သီချင်း။
• ဒေါ်ခင်မူယာကို ပိုးပမ်းတုန်းက ဆိုခဲ့တဲ့ " စိတ်ကူးလေးရွက်လွှင့်မယ် " ။
(၇) အကြိုက်ဆုံးအရောင်။
• အနီ။
(၈) အမောင်က ဘာနေ့သမီးလဲ။
• ဗုဒ္ဓဟူးသမီး။ ဒါပေမဲ့ အခုတော့ ကျုပ်နေ့နာမ်က ဒေါ်ခင်မူယာပဲ။ ကျုပ်ကိုးကွယ်တာကလည်း ဒေါ်ခင်မူယာပဲ။
ညို - မေးတာပဲဖြေပါရှင်။ မေးတာပဲ ဖြေပါ။
(၉) လောကမှာ အကြောက်ဆုံးအရာ။
• ဒေါ်ခင်မူယာကို ပျော်အောင်မထားနိုင်မှာပဲ သေလောက်အောင် ကြောက်တယ်။
(၁၀) အချစ်ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်လဲ။
• ဒေါ်ခင်မူယာလို့ အဓိပ္ပာယ်ဖွင့်တယ်။
(၁၁) အကယ်၍ ဒေါ်ဒေါ်နဲ့သာ မဆုံဖြစ်ခဲ့ရင် ဘယ်လိုမျိုး ရှင်သန်နေလိမ့်မယ် ထင်သလဲ။
• မြန်မာပြည်ကို ထပ်ပြီးခြေချဖြစ်မယ် မထင်ဘူး။ ဘိလပ်မှာက အလုပ်ကောင်းသလို ဝင်ငွေကောင်းတယ်လေ။
(၁၂) အခုကော နောင်တရတာရှိလား။
• ရှိတယ်။
(၁၃) ပြောပြလို့ ရနိုင်မလား။
• ရန်ကုန်မှာ ဒေါ်ခင်မူယာအတွက် စိန်ပန်းပင်ရှိတဲ့ အိမ်တစ်လုံးကို မဝယ်ပေးခဲ့နိုင်တာ။
YOU ARE READING
စိန်ပန်းပွင့်တွေ နီစေလို
Любовные романы" အမောင် " ဝတ္ထုရဲ့ အခွဲလေးပါ။ အဲဒါကြောင့်မို့ ဒါလေးမဖတ်ခင် အမောင်ကို အရင်ဦးစွာ ဖတ်စေချင်ပါတယ်။
