စိန်ပန်းပွင့်တွေ နီစေလို(၇)
ဦးစိုင်းထွန်းမောင်၏ ခြံဝင်းလေးထဲ၌ လူစည်ကားနေလေသည်။ အကြောင်းမှာကား လီလီယာမောင်တို့ မိသားစုလေး မြို့သို့ပြန်တော့မည် ဖြစ်သောကြောင့်ပင်။
" ဒီကနေပဲ နှုတ်ဆက်ကြပါ။ ဘူတာအထိ မလိုက်ခဲ့ကြပါနဲ့တော့။ နေကပူပူ ဖုန်ကထူထူနဲ့ ပင်ပန်းမယ် "
ရွာကလူတွေကို အသေအချာ မှာကြားနေသော မောင့်ပုံစံလေးအား ခပ်လှမ်းလှမ်းမှ ငေးမိလေသည်။ မောင်က ငယ်သော်လည်း ရိုကျိုးရကောင်းမှန်း သိ၏။ မောင်က ဘိုလ်ဆန်သော်လည်း ယဉ်ကျေးမှုကို နားလည်သူတစ်ဦးပင်။
" ရန်ကုန်လာတဲ့အခါ ကျုပ်အိမ်ကို ဝင်လည်ကြပါ။ ကျုပ်တို့မိသားစုက အမြဲတံခါးဖွင့်ထားပေးပါ့မယ် "
မိန်းမသားတစ်ဦး ဖြစ်ပေမဲ့ မောင်ဟာ သိပ်တည်ကြည်သည်။ ပြတ်သားစရာရှိရင်လည်း ခပ်ပြတ်ပြတ်သာ ဆုံးဖြတ်တတ်၏။ မောင့်ရာဇဝင်မှာ တွန့်ဆုတ်ခြင်းဆိုတာ ရှိပါလေရဲ့လားဟု မေးခွန်းထုတ်ရမည့်အဖြစ်။
လမ်းချိုးတစ်ခုမှာ မတော်တဆ ဆုံမိခဲ့သော ချစ်ခြင်းတွေပါပဲ မောင်ရယ်။ ဒီဘဝ၊ ဒီအမျှမှာတော့ မောင့်ကို အပြည့်အဝ ရူးသွပ်ချင်မိသည်။
" သားငယ်လေးလည်း လာနှုတ်ဆက်လိုက်ဦး "
အဖွားဖြစ်သူ ဒေါ်ဒေလီယာ ရင်ခွင်ထဲမှ သားငယ်လေးကို မောင်က လှမ်းခေါ်လေသည်။ သားငယ်က မောင့်သားပါပဲ။ မောင့်စကားတစ်ခွန်းဆို တစ်ခွန်းအတိုင်း လိုက်နာတတ်သလို မောင့်ခြေရာကိုလည်း နင်းနိုင်မည့် အတတ်ကလေးပင်။
" ဂရုတစိုက် နေရစ်ခဲ့ကြပါဗျ။ မောင်မောင်ပြောသလိုပဲ လာလည်ကြပါဦးဗျ "
သားငယ်လေးရဲ့ အူယားဖွယ် အမူအရာလေးကြောင့် လာနှုတ်ဆက်ကြသူတို့ ရယ်ပွဲကျလေသည်။ မောင်ကတော့ သူ့သားငယ်ကို ပြုံးပြုံးကြီး ရပ်ကြည့်လျက်ဖြင့်။ မောင့်မျက်နှာပေါ်မှာ သူ့သားလေးကို ဘယ်လောက်အထိချစ်မှန်း ထင်ဟပ်နေလေသည်။
" ဒါဆို ကျုပ်တို့ကို သွားခွင့်ပြုပါဦး။ အချိန်မလင့်ခင် ဘူတာရုံကို အမှီရောက်ဖို့လိုတယ် မဟုတ်လား "
YOU ARE READING
စိန်ပန်းပွင့်တွေ နီစေလို
Romance" အမောင် " ဝတ္ထုရဲ့ အခွဲလေးပါ။ အဲဒါကြောင့်မို့ ဒါလေးမဖတ်ခင် အမောင်ကို အရင်ဦးစွာ ဖတ်စေချင်ပါတယ်။