အပိုင်း ခြောက်။

6.5K 550 20
                                    

စိန်ပန်းပွင့်တွေ နီစေလို (၆)

အနောက်ရွာ၌ အငြိမ့်ပွဲရှိသည်မို့ သူကြီးလင်မယားနှင့်အတူ သားငယ်လေး‌နဲ့ အငြိမ်းတို့ လိုက်သွားကြ၏။ ထို့ကြောင့် အိမ်စောင့်ဖို့ရာ ကျုပ်နဲ့ ဒေါ်ခင်မူယာပဲ ကျန်ရစ်ခဲ့လေသည်။

" ဒေါ်ခင်မူယာ "

" ရှင် "

" မောင် မယ်ဒလင်တီးပြီး သီချင်းဆိုပြချင်လို့ နားထောင်မလား "

" နားထောင်မှာပေါ့ မောင်ရယ် "

ဘကျော်ဆီက ကြိုငှားထားသော မယ်ဒလင်လေးကို အခန်းထဲသို့ ယူဆောင်လာလိုက်သည်။ ဒေါ်ခင်မူယာကို ကုတင်ခေါင်းရင်း၌ ထိုင်စေပြီး ကျုပ်ကတော့ ခြေရင်းဘက်တွင်သာ နေရာဝင်ယူဖြစ်၏။

~~ မျက်စိမှိတ်ထားသော်ငြား သူ့အရိပ်ထင်နေတာ ~~ နှလုံးသားကို နားဆင်ငြား စကားတွေပြောနေလိုက်တာ ~~ သူဘယ်ကိုသွား ကိုယ့်အနားရှိနေသည်မှာ ~~ဘာကြောင့်များလဲ သိလား အချစ်ရာ ~~

လီလီယာမောင်ဆိုသော အမျိုးသမီးလေးကို မြတ်နိုးလိုက်ရပုံများ ကုဋေကုဋာ။ ဟန်ပါပါတီးခတ်‌နေသော မယ်ဒလင်ကြိုးပေါ်ရှိ လက်ချောင်းသွယ်သွယ်။ ကပိုပရို စည်းနှောင်ထားခြင်းကြောင့် တစ်စွန်းတစ်စ ကျလျက်ရှိသော ဆံနွယ်ရှည်ရှည်။ ရေနံဆီမီးအိမ်နဲ့အပြိုင် ဝါဝင်းနေသည့် မျက်နှာလေးကြည်ကြည်။ စာဖွဲ့မကုန်နိုင်မည့် အလှတရားများပင် ဖြစ်လေသည်။

~~ အသည်းအသက်နဲ့ထပ်တူ ချစ်နေတာ ~~ ဖြူစင်သောမေတ္တာ မှန်ကန်သောသစ္စာ ~~ ကျောက်စစ်ရုပ်လားပမာ အသည်းမှာ ~~ စွဲခိုင်မာ မ‌ဖျောက်ဖျက်နိုင်ပါ ~~

ခင့်ကို ဘယ်လောက်အထိ ချစ်သလဲ မောင်။
မောင့်ထက်မပိုနိုင်ရင်တောင် မလျော့မဲ့ မေတ္တာမျိုးပဲ ပြန်ပေးအပ်ချင်တယ်ကွယ်။

~~ မျက်စိမှိတ်ထားသော်ငြား သူ့အရိပ် ~~

မောင်ဟာ ခင့်ကို စိန်ပန်းပင်ကြီးအောက်၌ ပန်းနီနီလေးတစ်ပွင့် ပန်ဆင်ပေးရင်း အရှုံးပေးခဲ့၏။ ထိုနေ့၊ ထိုအခါတွင် မောင် ပေးအပ်ခဲ့သော အရှုံးလေးဟာ ယနေ့အထိတိုင် မပြောင်းလဲသေးပေ။

စိန်ပန်း‌ပွင့်တွေ နီစေလိုWhere stories live. Discover now